Burmese Bible       Burglish Version - Test Page     ODB Sep~Nov

<

OCTOBER 2009

>

S M T W T F S   S M T W T F S
27 28 29 30 1 2 3   18 19 20 21 22 23 24
4 5 6 7 8 9 10   25 26 27 28 29 30 30
11 12 13 14 15 16 17                

အောက်တိုဘာလ (၆)ရက်၊ အင်္ဂါနေ့
အာရုံနှောက်နေလား ဖတ်ရန်၊ လု ၁၀း၃၈-၄၂

မာသမူကား လုပ်ကျွေးခြင်းအမှုများ၌ စိတ်ပူပန်ခြင်းရှိသဖြင့် ...။ လု ၁၀း၄၀

သမ္မာကျမ်းစာတစ်နှစ်တာ။ ဟေရှာ ၂၆-၂၇၊ ဖိ ၂

“ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေသည့် အရာများ” ကို လေ့လာရာ၌ နိုင်ငံပေါင်း ၁၃၉ နိုင်ငံမှ ခရစ်ယာန် အယောက် နှစ်သောင်းကျော်ကို သုတေသနပြုကြသည်။ ပျမ်းမျှ ခရစ်ယာန် ၄၀%က သူတို့သည် “ရံဖန်ရန်ခါ” (သို့) “အမြဲတမ်း” လိုလို အလုပ်တစ်ခုပြီးတစ်ခု ဆက်တိုက် လုပ်ဆောင်ရသည်ဟု ဆိုသည်။ ခရစ်ယာန် ၆၀%ကမူ ဘုရားနှင့် မိတ်သဟာရဖွဲ့ ဆက်ဆံရေးတိုးတက်အောင် လုပ်ဆောင်ရာ၌ ဘ၀၏ အလုပ်များမြောင်မှုက မကြာခဏ ၀င်ရောက်လာတတ်ခြင်း (သို့) အမြဲဝင်ရောက် နှောက်ယှက်တတ်ခြင်းသည် အမှန်ဖြစ်ကြောင်း ဆိုသည်။ ရှင်းပါသည်။ အလုပ်များမြောင်ခြင်းက ဘုရားသခင်နှင့် မိတ်သဟာရဖွဲ့မှုကို အာရုံပျက်အောင် အနှောင့်အယှက်မပြုနိုင်ပါ။
မာသသည်လည်း သခင်ယေရှုကို အချိန်မပေးနိုင်လောက်အောင် အလုပ်များမြောင်မှုကို အခွင့်ပေးနေပုံ ပေါ်သည်။ သခင်ယေရှုနှင့် တပည့်တော်များကို သူ့အိမ်သို့ဖိတ်ခေါ်ပြီး သူတို့ကိုကျွေးမွေးရန်၊ သူတို့ခြေကို ဆေးပေးရန်၊ အားလုံးအဆင်ပြေမပြေ သေချာအောင်လုပ်ရန် စသည့်ကိစ္စများနှင့် ဗျာများသွားသည်။ ဤကိစ္စများက မဖြစ်မနေ ပြုရမည်ဖြစ်သော်လည်း ဧည့်ဝတ်ကျေအောင် မာသ၏ ပြင်ဆင်ဗျာများမှုက ယေရှု၏ စကားတော်ကို ဆင်ခြင်ပြီး သခင်အတူရှိနေချိန်ကို မမွေ့လျော် မခံစားနိုင်အောင် အနှောင့်အယှက် ဖြစ်သွားစေသည့် အလုပ်များဖြစ်သွားသည်ဟု ရှင်ပေါလုက ဆိုချင်ပုံပေါ်ပါသည် (လု ၁၀း၃၈-၄၂)။
ကျွန်ုပ်တို့အခြေအနေလည်း မည်သို့ရှိသနည်း။ လုပ်စရာများ တစ်ခုပြီးတစ်ခု လုပ်ရင်း ဘ၀အမှုရေးရာများ သာမက အမှုတော်သာသနာလုပ်ငန်း ဆောင်တာများကပါ ဘုရားရှင်ကိုယ်တော်နှင့် မိတ်သဟာရဖွဲ့ မွေ့လျော်မှုကို အာရုံမပြုနိုင်အောင် အနှောင့်အယှက် ပေးနေပြီလား။ ယေရှုရှင်ကို အာရုံပြုလျက်၊ အာရုံပျက်အောင် နှောင့်ယှက်မည့်အရာများကို ဖယ်ရှားနိုင်အောင် မစပါမည့်အကြောင်း ဘုရားရှင်ထံ ဆုတောင်းကြပါစို့။ - Marvin Willams

သခင်နှင့် အကျွမ်းဝင် မိတ်သဟာရဖွဲ့ ရင်းနှီးရမည့်အချိန်
စိုးစင်းမျှ လွတ်မသွားလိုပါ။ အလုပ်များလျက်
ကျမ်းစာဖတ် ဆုတောင်းကာ ၀တ်ပြုရန် ပျက်ကွက်ခြင်းမျိုး
မဖြစ်အောင် မစမူပါ။ အာမင်။
---------------------------------------------------------------------
ဘုရားကို အချိန်မပေးနိုင်လောက်အောင်
အလုပ်များနေပါလျှင်၊ သင်အလုပ်များလွန်းပြီ။