READ: Proverbs 16:16-22
|
|
|
|||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
|
အောက်တိုဘာလ (၇)ရက်၊ ဗုဒ္ဓဟူးနေ့ အချင်းချင်းကို စာနာနားလည်ခြင်း ဖတ်ရန်၊ သု ၁၆း၁၆-၂၂ လူ့စိတ်နှလုံး၌ ပညာအကြံသည် နက်သောရေနှင့် တူသော်လည်း ဥာဏ်ကောင်းသောသူသည် ခပ်ယူလိမ့်မည်။ သု ၂၀း၅ သမ္မာကျမ်းစာတစ်နှစ်တာ။ ဟေရှာ ၂၈-၂၉၊ ဖိ ၃ မိမိဇနီးအပေါ် စာနာနားလည်မှုရှိခြင်းသည် ခင်ပွန်းသည်များအတွက် အကောင်းဆုံးသော မိန်းမချစ်နည်း ဖြစ်သည်။ ရှင်ပေတရုက “... သတိပညာနှင့်လျော်စွာ ကိုယ်ခင်ပွန်းနှင့်အတူနေ၍ ... သူ့ကို စောင့်မပြုစုရန်” (စာနာနားလည်မှုရှိရန်) အလွန်အရေးကြီးကြောင်း ခင်ပွန်းများကို ရှင်းလင်းသွန်သင်ခဲ့သည် (၁ ပေ ၃း၇)။ ဤနိယာမက အသွားအပြန်သဘောဆောင်သည်။ ခင်ပွန်းသည်ဘက်မှလည်း စာနာနားလည်မှုကို လိုလားသည်ပင်။ စင်စစ် လူအားလုံးမည်သူမဆို အိမ်ထောင်ရှိသည်ဖြစ်စေ၊ လူပျိုလူလွတ်ဖြစ်စေ၊ မိမိကို အစွန်းဆုံးထိ နားလည်ပေးမှုကို တောင့်တသည်ပင်။ ထိုလိုအပ်မှုက မွေးရာပါဖြစ်ပြီး ဘယ်သောအခါမှ မပျောက်နိုင်ပါ။ တစ်ယောက်နှင့်တစ်ယောက် နားမလည်နိုင်ဟုဆိုလျှင် ယင်းသည် မခိုင်လုံသော ခေါင်းရှောင်မှုသာဖြစ်သည်။ အချင်းချင်းကို ကျွန်ုပ်တို့ နားလည်နိုင်ပါသည်။ နားလည်ရပါမည်။ အချိန်တော့ယူရမည်။ အချင်းချင်း မျက်နှာချင်းဆိုင်လျက် မေးခွန်းများမေး၊ သူ့စကားကို နားထောင်ပေး၊ ပြန်လှန်မေးခွန်းမေး စသည်ဖြင့် အချိန်ယူပါ။ ထိုသို့ပြုရန် ရိုးစင်းလွယ်ကူသကဲ့သို့ ခက်လည်းခက်ပါသည်။ မည်သူမျှ တစ်ဖက်သား၏ စိတ်သဘောကို အလုံးစုံမသိနိုင်ပါ။ နေ့စဉ် တဖြေးဖြေးချင်းသိအောင် လုပ်နိုင်ပါသည်။ ပညာရှိက၀ိ သုတ္တံဆရာက နားလည်မှုဥာဏ်ပညာကို “အသက်စမ်းရေတွင်း“၊ ရှာဖွေသူအတွက် နက်နဲသော ပညာအရင်း အမြစ် (သု ၁၆း၂၂) ဟု ခေါ်ဆိုသည်။ နားလည်မှုရှိရန် အချိန်ယူရပါမည်ဟု ထပ်လောင်းပြောရပါစေ။ အချိန်ဟူသည် အခြားသူများကို ကျွန်ုပ်တို့ ပေးနိုင်သော အကောင်းဆုံးလက်ဆောင် ဖြစ်ပါသည်။ ကျွန်ုပ်တို့ ချစ်နှစ်သက်သူကို မည်မျှဂရုပြုကြောင်း မိမိ၏ အချိန်ပေးပုံပေးနည်းဖြင့် တိကျစွာအကဲဖြတ်နိုင်သည်။ သင့်အသက်တာ၌ အရေးကြီးသောပုဂ္ဂိုလ်များအပေါ် နားလည်မှုရှိအောင် အချိန်ယူနိုင်ရန် ဘုရားသခင်ထံမှ ကျေးဇူးပြုမှုကို တောင်းခံပါလေ။ - David Roper ဘ၀၌
ကြုံဆုံရသောသူများ၏ အသက်တာ၌ မေတ္တာကို ပေးကမ်းကြမည် |
|