READ: John 21:1-14
|
|
|
|||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
|
အောက်တိုဘာလ (၈)ရက်၊ ကြာသပတေးနေ့ အရင်ကခံစားချက်မျိုး ဖတ်ရန်၊ ယော ၂၁း၁-၁၄ တဖန်ယေရှုသည် တိဗေရိအိုင်နားမှာ တပည့်တော်တို့အား ကိုယ်ကိုပြတော်မူ၏။ ယော ၂၁း၁ တမ္မာကျမ်းစာတစ်နှစ်တာ။ ဟေရှာ ၃၀-၃၁၊ ဖိ ၄ ထူးချွန်သော ဘေ့စ်ဘောအဖွဲ့ခေါင်းဆောင် Yogi Berra က “ခရာမမှုတ်မချင်း ပွဲမပြီးသေးဘူး” “အရင်ကလို ဖြစ်ပြန်ပြီ (ရှုံးတော့မယ်လို့ ခံစားရပြန်ပြီ)” စသည်ဖြင့် အရွှမ်းဖောက်တတ်သည်။ ယေရှုရှင်ပြန်ထမြောက်ပြီးနောက် ကမ်းစပ်၌ရပ်နေသည်ကို တပည့်တော်များ မြင်သော် ယခင်ကကဲ့သို့ ခံစားရပါမည်လားဟု ကျွန်တော်တွေးမိသည်။ ပေတရုကလည်း သခင့်ကိုငြင်းပယ်ခဲ့သည်။ သူတို့လည်း သခင့်ကိုစွန့်ခွာခဲ့သည်။ စိတ်ပျက်အားလျော့လျက် အာရုံများထွေပြားနေကြသည်။ ယေရှုနောက်တော် လိုက်ရန် ခေါ်ယူစေစားခံရသည့် အမှုတော်ကိုစွန့်ပြီး ယခင်လုပ်ငန်းဖြစ်သည့် တံငါအလုပ်ကို ပြန်လုပ်ကိုင် ကြသည်။ သို့နှင့် တစ်ညတာလုံး ငါးတစ်ကောင်မှမရဘဲ ရှိနေချိန်တွင် “လှေလက်ျာဘက်၌ ပိုက်ကွန်ကိုပစ်ချလော့။ ထိုသို့ပြုလျှင် ရလိမ့်မည်” (ယော ၂၁း၆) ဟု ကမ်းစပ်မှ လှမ်းအော်လိုက်သောအသံကို သူတို့ ကြားလိုက်ရသည်။ ပိုက်ကွန်ကိုချသော် များစွာသောငါးတို့ကို အုပ်မိပြီး ပိုက်ကွန်ကိုဆွဲ၍ မရနိုင်။ သူတို့စိတ် အစဉ်က ယေရှုနှင့်ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပုံကို ပြန်ပြောင်းသတိရမိမည်မလွဲပါ။ သူတို့ပိုက်ကွန်များ ဆေးလျှော်နေချိန်၌ သခင်ရောက်လာပြီး ရှိမုန်လှေ၌ထိုင်လျက် ဆုံးမသြ၀ါဒပေးသည်။ ထို့နောက် ရေနက်ရာသို့ရွေ့၍ ပိုက်ကွန်ချစေပြီး အံ့ဖွယ်ငါးမြောက်များစွာကို ဖမ်းမိခဲ့သည်။ နောက်ဆုံး သူတို့အား ပိုက်ကွန်ကိုစွန့်၍ သူ့နောက်တော်လိုက်ရန် ခေါ်တော်မူခဲ့သည် (လု ၅း၁-၁၁) တပည့်တော်များကဲ့သို့ပင် ကျွန်ုပ်တို့လည်း သခင်ယေရှုနှင့်အတူ လှမ်းလျှောက်သော ဘ၀ခရီး၌ စိတ်ပျက် အားလျော့လာလျှင် ဒုံရင်းအမှတ်သို့သာ ပြန်သွားလိုကြသည်။ သို့သော် ယေရှုရှင်သည် ကျွန်ုပ်တို့၏ အသက်တာကမ်းစပ်၌ ထင်ရှားပေါ်လာကာ ခွင့်လွှတ်ခြင်းကို တိုးချဲ့ပေးသနားသည်။ ထို့နောက် ကျွန်ုပ်တို့ကို သခင်ပထမဦးဆုံး ခေါ်တော်မူစဉ်က အခြေအနေသို့ ပြန်လည်ခေါ်ဆောင်တော့သည်။ အရင်ကခံစားချက်မျိုး ထပ်ခံစားစေခြင်းပါ။ - Joe Stowell
အသက်ရှင်သော ဘုရားသားတော်က |
|