READ: John 11:32-44
|
|
|
|||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
|
အောက်တိုဘာလ (၉)ရက်၊ သောကြာနေ့ မျက်ရည်များကြောင့် တောင်းပန်ခြင်း ဖတ်ရန်၊ ယော ၁၁း၃၂-၄၄ မာရိမှစ၍ လိုက်လာသော ယုဒလူတို့သည် ငိုကြွေးကြသည်ကို ယေရှုသည် မြင်တော်မူသောအခါ အလွန်ညှိုးငယ်ခြင်း၊ စိတ်ပူပန်ခြင်းရှိ၍ ...။ ယော ၁၁း၃၃ သမ္မာကျမ်းစာတစ်နှစ်တာ။ ဟေရှာ ၃၂-၃၃၊ ကော ၁ ကျွန်မမိတ်ဆွေတစ်ဦးသည် သူ့ဘ၀အတွက် အရေးကြီးသော အပြောင်းအလဲကြီးကို ပြုလုပ်ခဲ့သည်။ နှစ် ၅၀ တိုင် အလုပ်လုပ်ခဲ့သည့်နေရာမှ ထွက်ပြီး အလုပ်သစ်သို့ ပြောင်းသွားသည်။ သူ့အလုပ်ရှင်ကို နှုတ်ဆက်ရင်း သူမျက်ရည်ကျခဲ့ရသည်။ “မျက်ရည်ကျမိလို့ တောင်းပန်ပါတယ်ရှင်” ဟုလည်း နှုတ်မှ တတွတ်တွတ်ဆိုမိသည်။ ငိုကြွေးမိခြင်းအတွက် တောင်းပန်ရန်လိုသည်ဟု ကျွန်မတို့အဘယ်ကြောင့် ခံစားရသနည်း။ မိမိအားနည်းချက် (သို့) ခံနိုင်ရည်မရှိခြင်းကို ဖော်ပြသောအရာအဖြစ် ရှုမြင်ခြင်းကြောင့် ဖြစ်မည်ထင်။ မိမိမျက်ရည်ကြောင့် သူတစ်ပါး အနှောင့်အယှက်ဖြစ်သွားမည်ကို စိုးရိမ်ခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။ ကျွန်မတို့၏ စိတ်ခံစားချက်များသည် ဘုရားပေးသနားသော အရာများဖြစ်ပြီး ဘုရား၏ပုံသဏ္ဍာန်နှင့်အညီ ဖန်ဆင်းခံရကြောင်း လက္ခဏာသက်သေ ဖြစ်သည် (က ၁း၂၇)။ ကိုယ်တော် စိတ်ညှိုးငယ်တတ်သည်။ က ၆း၆-၇ တွင် ကိုယ်တော်သည် ၀မ်းနည်း နောင်တရလျက် သူ့လူများ အပြစ်ပြုခြင်း၊ အပြစ်ကြောင့် ဘုရားနှင့် လူသားကြားကွာဟမှု ဖြစ်ပေါ်ခြင်း စသည်တို့ကြောင့် အမျက်ထွက်ခဲ့ရသည်။ လူ့ဇာတိ ခံယူသော ယေရှုဘုရားသည် သူ့မိတ်ဆွေ မာရိနှင့် မာသတို့ ၄င်းတို့၏မောင် လာဇရုဆုံးပါးသွား၍ ၀မ်းနည်းပူဆွေးကြစဉ် သူတို့နှင့်အတူ သခင်ခံစားခဲ့ရသည် ( ယော ၁၁း၂၈-၄၄)။ သခင်စိတ်ညှိုးငယ်လျက် စိတ်ပူပန်သောက ရောက်ခဲ့သည် (း၃၃)။ မျက်ရည်ကျခဲ့သည် (း၃၅)။ “တဖန် ယေရှုသည် အလွန်ညှိုးငယ်သောစိတ်နှင့် သင်္ချိုင်းတွင်းသို့ ရောက်တော်မူ၏” (း၃၈)။ သခင်တောင်းပန်ပါ့မလား မသိ။ တစ်နေ့တစ်ချိန်၌ ကောင်းကင်ဘုံသို့ ၀င်စားရလျှင် ထိုနေရာ၌ စိတ်မသာ ညည်းတွားခြင်း၊ ကွဲကွာရခြင်း၊ နာကျင်မှုများမရှိ၊ မျက်စိ၌ မျက်ရည်ရှိသမျှကို ဘုရားသခင် သုတ်ပေးလိမ့်မည် (ဗျာ ၂၁း၎)။ ယခုအချိန်၌မူ မျက်ရည်များ စီးကျနေဦးမည်ပင်။ သို့သော် တောင်းပန်စရာ မလိုပြီ။ - Anne Cetas
မိမိ၏ ၀န်လေးပင်ပန်းမှု၊
စုံစမ်းစစ်ကြောခြင်းနှင့် ဆုံးရှုံးခြင်းများကြောင့် |
|