|
နေ့စဉ်ခွန်အား |
|
|||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
|
အောက်တိုဘာလ (၁၁)ရက်၊ တနင်္ဂနွေနေ့ ဖတ်ရှုရုံမျှမက ... ဖတ်ရန်၊ ကော ၃း၁၂-၁၇ ထို့ကြောင့် သင်တို့သည် ဘုရားသခင် ရွေးကောက်သောသူ၊ သန့်ရှင်းသောသူ၊ ချစ်အပ်သောသူကဲ့သို့ သနားစုံမက်ခြင်း ... စိတ်ရှည်ခြင်းတို့ကို ယူတင်ဝတ်ဆောင်ကြလော့။ ကော ၃း၁၂ သမ္မာကျမ်းစာတစ်နှစ်တာ။ ဟေရှာ ၃၇-၃၈၊ ကော ၃ “ဆရာ ‘နေ့စဉ်ခွန်အား’ စာအုပ် ဘယ်မှာလဲ” ဟူသည့်အမေးက ပြင်းထန်လျက် ဒေါသသံပါနေသည်။ ဘုရားကျောင်းခန်းမ အပြင်ဖက်ရှိ စင်ပေါ်၌ နောက်ဆုံးထွက်ရှိသည့် နေ့စဉ်ခွန်အားစာအုပ်ကို မတွေ့ရ၍ ‘နေ့စဉ်ခွန်အား’ ပရိတ်သတ်တစ်ဦးက သင်းအုပ်ဆရာကို လာမေးခြင်းပါ။ ‘နေ့စဉ်ခွန်အား’ စာအုပ်ကို ဖြန့်ဝေရန်မှာ ဆရာ၏ တာဝန်မဟုတ်ပါ။ သို့သော် ၀တ်ပြုကိုးကွယ်ရာ၌ အထောက်အကူပြုသည့် စာအုပ်ငယ်ကို အချိန်မှီ မတင်ပေးနိုင်ကောင်းလားဟု သူ့ကိုအပြစ်တင်သည့် ဤအသင်းသား၏ အပြုအမူကြောင့် ဆရာမှာ စိတ်စနိုးစနှောင့် ဖြစ်ရတော့သည်။ ဤအကြောင်းအရာကို ကျွန်ုပ်ကြားသိရစဉ် ဖြစ်မှဖြစ်ရလေဟု အံ့သြခံစားရသည်။ ၀တ်ပြုကိုးကွယ်ခြင်းကို အထောက်အကူပြုသည့် စာအုပ် စာစောင်များက ခရစ်ယာန်တို့၏ အသက်တာကြီးထွားရန်၊ ဘုရားဝတ်၌မွေ့လျော်လျက် ကျေးဇူးတော်၌ ကြီးပွားရန် ရည်ရွယ်ပါသည်။ ထိုစာအုပ် စာစောင်များကို ဖတ်ရှုကြသည့် ခရစ်တော်နောက်လိုက် အပေါင်းတို့သည် ၀ိညာဉ်ရေး ရင့်ကျက်မှုပမာဏ အဆင့်တိုးလျက် “သနားစုံမက်ခြင်း၊ ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်း” စသည့် အရည်အသွေးများကို ယူတင်ဝတ်ဆောင်ရမည်ဟု ရှင်ပေါလုက ဆိုခဲ့သည်။ ၀ိညာဉ်ရေးရာကို ကြပ်မတ်ပျိုးထောင်ပေးရာ၌ ဘာသာရေးစာပေ အထောက်အကူပြု စာအုပ်စာစောင်များနှင့်အတူ ဘုရား၏ နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်း၊ ဆုတောင်းခြင်း၊ ၀တ်ပြုကိုးကွယ်ခြင်းမျှသာ မဖြစ်သင့်ပါ။ ဤလုပ်ရပ်များမှတဆင့် ခရစ်တော်နှင့် သာ၍တူလာရမည်။ ဘုရားဝတ်၌ တိုး၍မွေ့လျော်ရမည်။ ၀ိညာဉ်တော်၏ ဦးဆောင်မှုကို တိုး၍နာခံရမည်။ ၀ိညာဉ်ရေးရာ၌ လေ့ကျက်ခြင်းဖြင့် “ခရစ်တော်၏ နှုတ်ကပတ်တရားသည် ပညာအမျိုးမျိုးနှင့် (ကျွန်ုပ်တို့အထဲ၌) ကြွယ်ဝစွာ တည်နေကြောင်း” (၃း၁၆) ပြုမူပြောဆိုလေရာရာ၌ ပေါ်လွင်ပြသ နေရမည်။ - Dave Branon
ဘုရားရှင်နှင့် စိတ်နှလုံးခြင်း ညှိလိုပါ |
|