READ: Philemon 1:4-16
|
နေ့စဉ်ခွန်အား |
|
|||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
|
အောက်တိုဘာလ (၁၂)ရက်၊ တနင်္လာနေ့ အသေးအမွှား မဆိုစလောက်လေး ဖတ်ရန်၊ ဖိလေမုန် ၁း၎-၁၆ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ ၁ သက် ၅း၁၈ သမ္မာကျမ်းစာတစ်နှစ်တာ။ ဟေရှာ ၃၉-၄၀၊ ကော ၄ ဂျာမဏီမှလူတစ်ဦးသည် ခရစ်စမတ်၌ သူ့ဇနီးလောင်းကို သွားရောက်တွေ့ဆုံရန် စီစဉ်ခဲ့သည်။ သို့သော် အသေးအမွှား စာလုံးပေါင်းလေးတစ်လုံးကြောင့် ခရီးစဉ်က တစ်ခြားစီဖြစ်သွားသည်။ သူသွားမည့် ပူနွေးသော သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တော် (Sydney) သို့ မရောက်ဘဲ နှင်းထူသည့် မွန်တာနာပြည်နယ် ဆစ်ဒနီဲမြို့ (Sidney) သို့ ရောက်သွားသည်။ အင်္ဂလိပ်သဒ္ဒါ၌ ၀ိဘတ်များသည် အရေးမပါသောအရာများဟု ထင်ရသည်။ သို့သော် ၄င်းတို့သည် ကြီးမားသော ကွဲပြားခြားနားမှုကို ဖြစ်စေသည်။ ဥပမာ - "For" အတွက် နှင့် "in" “၌” ဆိုသည့် စကားလုံးများကို ဆင်ခြင်ကြည့်ကြပါစို့။ တမန်တော်ရှင်ပေါလုက “အရာရာ‘၌’ ကျေးဇူးတော်ကို ချီးမွမ်းကြလော့” ( ၁ သက် ၅း၁၈) ဟု ရေးသားခဲ့သည်။ ၄င်းသည် အရာရာတိုင်း “အတွက်” ကျေးဇူးတော်ချီးမွမ်းရမည်ဟု မဆိုလိုပါ။ လူတစ်စုံတစ်ယောက်၏ ရွေးချယ်မှုမှားလျှင် ကျေးဇူးတင်စရာမလိုပါ။ သို့သော် ထိုအခြေအနေ“၌” ကျေးဇူးတော်ချီးမွမ်းနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဒုက္ခအခက်အခဲများ ကြုံရပြီးနောက် ပေါ်ထွက်လာသည့် ရလဒ်ကို ကောင်းကျိုးအလို့ငှာ ဘုရားရှင်အသုံးပြုနိုင်၏။ ဖိလေမုန်သို့ပေးသောစာ၌ ထိုသဘောတရားကို ပြထားသည်။ ရှင်ပေါလုသည် ထွက်ပြေး၍ အဖမ်းခံရသောကျွန် သြနေသိမ်နှင့်အတူ အကျဉ်းချခံရသည်။ ထိုအခြေအနေအတွက် ကျေးဇူးတော်ချီးမွမ်းစရာမလိုပါ။ သို့သော် ထိုအခြေအနေကို ဘုရားရှင်က ကောင်းကျိုးအလို့ငှာ ဖြစ်စေခဲ့၍ သူ့စာ၌ ကျေးဇူးတင်ခြင်းသဘောများ ပြည့်လျှံနေ၏။ သြနေသိမ်သည် ယခုတွင် ကျွန်အဖြစ်ထက်သာလွန်သော ဘုရားသခင်၌ချစ်သော ညီငယ်ဖြစ်သွားလေပြီ (း၁၆)။ ဘုရားရှင်က အမှုခပ်သိမ်းကို ကောင်းကျိုးအလို့ငှာ အသုံးပြုနိုင်ကြောင်း သိရ၍ အရာရာ၌ ကျေးဇူးတော် ချီးမွမ်းရခြင်းဖြစ်သည်။ ထိုသို့ သိရခြင်းက လုံလောက်ပါပြီ။ ခက်ခဲသောအချိန်ကာလများ၌ ကျေးဇူးတော်ချီးမွမ်းခြင်းသည် ကြီးမားသောပြောင်းလဲမှုကို ဖြစ်ပေါ်စေသော သေးအမွှားအမှုပင်တည်း။ - Julie Ackerman
စုံစမ်းစစ်ကြောမှု၊ စိန်ခေါ်မှု၊ အခက်အခဲအားလုံးအတွက် ကျေးဇူးတင်ပါ၏။ |
|