နေ့စဉ်ခွန်အား
 

Burmese Bible       Burglish Version - Test Page     ODB Sep~Nov

<

OCTOBER 2009

>

S M T W T F S   S M T W T F S
27 28 29 30 1 2 3   18 19 20 21 22 23 24
4 5 6 7 8 9 10   25 26 27 28 29 30 30
11 12 13 14 15 16 17                
အောက်တိုဘာလ (၁၃)ရက်၊ အင်္ဂါနေ့
အိုလံပစ်ပွဲတော်ကြီး ဖတ်ရန်၊ ၃ ရာ ၁၀း၎-၁၀

သူတစ်ပါးတို့သည် သင်တို့၏ ကောင်းသောအကျင့်ကို မြင်၍ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘ၏ ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှာ၊ သူတစ်ပါးရှေ့၌ သင်တို့အလင်းကို လင်းစေကြလော့။ မ ၅း၁၆

သမ္မာကျမ်းစာတစ်နှစ်တာ။ ဟေရှာ ၄၁-၄၂၊ ၁ သက် ၁

၂၀၀၈ ခုနှစ် သြဂုတ်လ ၈ ရက်က ကျင်းပသွားသည့် ပေကျင်းအိုလံပစ်ပွဲတော်ကြီး ဖွင့်ပွဲအခန်းအနားကို တကမ္ဘာလုံးမှ လက်ဖျားခါ ချီးကျူးခဲ့ကြသည်။ ငှက်သိုက် အားကစားရုံကြီးမှ ပရိတ်သတ် ကိုးသောင်းကျော်နှင့်အတူ ဖွင့်ပွဲကို ရုပ်မြင်သံကြားမှ ကျွန်တော်ကြည့်လိုက်ရသည်။ တရုပ်နိုင်ငံ၏ နှစ် ၅၀၀၀ ကျော်သမိုင်းကြောင်းနှင့် ကမ္ဘာကြီးအတွက် အမိနိုင်ငံတော်မှ စက္ကူ၊ ရွေ့လျားပုံနှိပ်စက်၊ သံလိုက်အိမ်မြောင်၊ မီးရှုးမီးပန်း စသည့် တီထွင်မှု၊ ပေးဆပ်မှုများအကြောင်းများ ကြားရသည်မှာ နှစ်ထောင်းအားရဖွယ် ကောင်းလှသည်။ ရှီဘာဘုရင်မ ရှောလမုန်ဘုရင်ကြီးထံ ၀င်ရောက်ခစားစဉ်က သူမမြင်တွေ့သမျှအတွက် အံ့သြမိန်းမောခံစားခဲ့ရသည် (၃ ရာ ၁၀း၎-၅)။ ယေရုရှလင်မြို့မြင်ကွင်းကို ရင်သပ်ရှုမောစွာ ခံစားရလျက် “အရင်ကြားသောစကားသည် တ၀က်ကိုမှမမှီ” (း၉) ဟု မြွက်ဆိုခဲ့သည်။ ရှောလမုန်မင်းကြီး၏ ဥာဏ်ပညာကိုမူ အတိုင်းထက်အလွန် အထင်ကြီးလေးစားခဲ့သည် (း၆-၇)။ ရှောလမုန်မင်းကြီး၏ တိုင်းသူပြည်သားအပေါင်းတို့မှာ ရှေ့တော်မှောက်ခစားလျက် သူ၏ပညာစကားကို မပြတ်နာယူကြားနာရ၍ ၀မ်းမြောက်ကြလိမ့်မည်ဟု သူအကြွင်းမဲ့ယုံကြည်လျက် (း၈) “ဖြောင့်မတ်စွာ တရားစီရင်စေခြင်းငှာ” (း၉) ရှောလမုန်ကို ဘုရင်အဖြစ် ခန့်အပ်သော ရှောလမုန်၏ ဘုရားသခင်ကို ချီးမွမ်းခဲ့သည်။
ပြည်သူများအပေါ် ရှောလမုန်မင်းကြီး လွှမ်းမိုးနိုင်မှုကို ဆင်ခြင်ရင်း ကမ္ဘာကြီးကို ကျွန်ုပ်တို့ဘာတွေ ပြည်လည်ပေးဆပ်ကြသလဲဟု အတွေးပွားမိသည်။ မိမိ၏ ပိုင်ဆိုင်မှုအစွမ်းအစ အရည်အချင်းများဖြင့် တပါးသူတို့ လက်ဖျားခါအထင်ကြီးအောင် ပြုရန်မဟုတ်ပါ။ သို့သော် လူတို့၏ဘ၀ ပြောင်းလဲအောင်၊ အသက်တာထူးခြားအောင် လုပ်ပေးသင့်သည်။ ယနေ့ ကျွန်ုပ်တို့ပြုသော အမှုတစ်ခုစီတိုင်းက ဘုရား၏ ကျေးဇူးတော် ဂုဏ်တော်ချီးမွမ်းစရာ အကြောင်းဖြစ်လျှင် အလွန်ကောင်းပေတော့သည်။ - C.P. Hia

ကျွန်ုပ်၏ဆန္ဒအမြဲတမ်း တောင်းဆုပြုဆက်ကပ်သည်မှာ
ကျွန်ုပ်၏အသက်တာသည်
ဘ၀ခရီးမှ လူတို့ကို စောင့်မလျက် တို့ထိစေသား။ - Anon
-------------------------------------------------------------------
ခရစ်ယာန်ဟူသော ပြတင်းတံခါးမှသာ ယေရှုဟူသော အလင်းဖြာနိုင်တာ။