READ: 1 Thess. 4:15-18
|
နေ့စဉ်ခွန်အား |
|
|||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
|
အောက်တိုဘာလ (၁၆)ရက်၊ သောကြာနေ့ သေခြင်းကိုအောင်နိုင်ပြီ ဖတ်ရန်၊ ၁ သက် ၄း၁၅-၁၈ ငါတို့သခင် ယေရှုခရစ်အားဖြင့် ငါတို့အား အောင်ခြင်းအခွင့်ကို ပေးတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်သည် ကြီးလှစွတကား။ ၁ ကော ၁၅း၅၇ သမ္မာကျမ်းစာတစ်နှစ်တာ။ ဟေရှာ ၄၇-၄၉၊ ၁ သက် ၄ နေ့စဉ် တစ်ရက်ပြီးတစ်ရက် အသက်ရှင်ရာ၌ လောကသားနှင့်မတူ၊ ကွဲပြားခြားနားစွာဖြင့် ခရစ်ယာန်တို့၏ ယုံကြည်ခြင်းကို ဖော်ထုတ်ပြသသင့်သည်။ ဘ၀နောက်ဆုံးအချိန်၌ သေခြင်းကို မည်သို့ရင်ဆိုင်မည်နည်း။ ၄င်းသည် ဧ၀ံဂေလိတရား၌ ယုံကြည်မှုကို နောက်ဆုံး စစ်ကြောခြင်းဖြစ်သည်။ သခင်ယေရှုကိုချစ်သော မိတ်ဆွေတစ်ဦး လောကကိုစွန့်ခွာသွားရာ သူ၏အောက်မေ့ဖွယ်ဝတ်သို့ ကျွန်တော်တို့ တက်ရောက်ခဲ့သည်။ သူ၏ခိုင်မာသော ယုံကြည်ခြင်းက သူ့ကို သိကျွမ်းသူတို့အတွက် ကောင်းချီးမင်္ဂလာဖြစ်ခဲ့သည်။ သူ့ကို ဂုဏ်ပြုသောအားဖြင့် ကျွန်ုပ်တို့ စုရုံးရောက်ရှိလာကြသည်။ ကြားရသောစကားများသည် နှစ်သက်ဖွယ် လောကဧည့်သည် ထိုညီအစ်ကို ကို ချီးကျူးဂုဏ်ပြုခြင်းထက် ဘုရားရှင်ကို ချီးမွမ်းခြင်းကပိုများသည်။ သေခြင်းအောင်လျက် ဂူသင်္ချိုင်းကို ဖွင့်ခဲ့သူ ကျွန်ုပ်တို့ကယ်တင်ရှင်၏ ဘုန်းတော်ကို ထင်ရှား ချီးမြှောက်စေသည့် အောက်မေ့ခြင်း ၀တ်ပင်တည်း (၁ ကော ၁၅း၅၄-၅၇)။ ဗြိတိသျှလူမျိုး ဘုရားမဲ့ဝါဒီ CharlesBradlaugh ၏ အသုဘအခမ်းအနားနှင့် ကွာခြားလှပါဘိ။ စာရေးဆရာ Arthur Porritt မှ ဤသို့ပြန်လည်ပြောပြခဲ့သည်။ “ဘာဆုတောင်းသံမှမကြား၊ စကားတခွန်းတလေမှ မဆို။ ခေါင်းတလားတွင်း၌ ထည့်ထားသော ရုပ်ကလပ်ကို ဘာအခမ်းအနားမှမပါဘဲ မြေကြီးထဲသို့ ဆွဲချနေသည်မှာ လူသေကောင်ကြီးကို မြင်ကွင်းမှ ကွယ်ပျောက်သွားစေရန် အလောတကြီး လုပ်ဆောင်နေသကဲ့သို့ ထင်ရသည်။ ကျွန်တော့နှလုံး အေးခဲသွားမတတ် ခံစားရသည်။ ကျွန်တော် သဘောပေါက်သွားသည်။ လူတစ်ဦးအနေဖြင့် သေဆုံးပြီးနောက် ယုံကြည်ချက်ပျောက်သွားလျှင် သေမင်းကို အနိုင်ပေးလိုက်ခြင်းသာတည်း။” သေပြီးနောက် ကျွန်ုပ်တို့၏သခင်နှင့် နဖူးတွေ့ဒူးတွေ့ ပြန်လည်ဆုံးစည်း မိတ်သဟာရပြုခွင့်ရပြီး၊ နောက်ဆုံး ခန္ဓာကိုယ်ထမြောက်မည်ဟု ခရစ်ယာန်တို့ ယုံကြည်ကြသည် ( ၁ ကော ၁၅း၄၂-၅၀၊ ၁ သက် ၄း၁၅-၁၈)။ သေခြင်းကို အောင်နိုင်ခြင်းကြောင့် ယုံကြည်ခြင်းစိတ်ဖြင့် ၀မ်းမြောက်ပါရဲ့လား။ - Vernon Grounds ကမ္ဘာမြေပြင်ဆုံး၊ သမုဒ္ဒရာထိတိုင်၊ ပုလဲတံခါးမှ စီးထွက်စမ်းရေ၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်ဘုရားအား အတိုင်းမသိများသော လူထုကြီးမှ ဟာလေလုယ ချီးမွမ်းဆို - How ------------------------------------------------------------------------------------------ ခရစ်တော် အသက်ရှင်သောကြောင့် ကျွန်ုပ်တို့လည်း ရှင်ရမည်။ |
|