READ: Joshua 1:1-9
|
နေ့စဉ်ခွန်အား |
|
|||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
|
အောက်တိုဘာလ (၁၇)ရက်၊ စနေနေ့ ဧရာမပုဂ္ဂိုလ်၏ ပခုံးထက်ဝယ် ဖတ်ရန်၊ ယောရှု ၁း၁-၉ မောရှေနှင့်အတူ ငါရှိသကဲ့သို့ သင်နှင့်အတူ ငါရှိလိမ့်မည်။ ယောရှု ၁း၅ သမ္မာကျမ်းစာတစ်နှစ်တာ။ ဟေရှာ ၅၀-၅၂၊ ၁ သက် ၅ ရှေးရိုးစဉ်လာပုံပြင်များမှ ဧရာမပုဂ္ဂိုလ် (လူ့ဘီလူး)များအကြောင်းက သမိုင်းမှတ်တမ်းများ၊ စာပေယဉ်ကျေးမှု တို့တွင် နေရာယူထားကြသည်။ ဂေါလျတ်ကြီး၊ ``ဂျက်နှင်ပဲပင်´´ ပုံပြင်မှ ဘီလူးကြီး စသည့် ဇတ်ကောင်များက အခြားဇတ်ကောင်များထက် ကျွန်ုပ်တို့ကို ပို၍ဆွဲဆောင်သည်။ တစ်ခါတစ်ရံ သာမန်ထက် စွမ်းဆောင်နိုင်သူ၊ သာမန်လူများကို ချီးမြှောက်သည့် အနေဖြင့် ဧရာမပုဂ္ဂိုလ်ဟု ခေါ်ဝေါ်ကြသည်။ ဥပမာ ၁၇ ရာစုက ပေါ်ထွန်းသော ရူပဗေဒပညာရှင် အိုက်ဇက်နယူတန်သည် ဆက်ကပ် အပ်နှံသူ ခရစ်ယာန်တစ်ယောက်ဖြစ်ပြီး သူ၏အောင်မြင်မှုအတွက် သူ့အရင်ပေါ်ထွက်ခဲ့သည့် ပညာရှင်များအား အမွမ်းတင်ခဲ့သည်။ သူက ``ကျွန်တော်ဟာ ရှေ့ကိုနည်းနည်းလေး ပိုမြင်ရတယ်ဆိုရင် ဒါဟာ ကျွန်တော့်ရှေ့က ဧရာမပုဂ္ဂိုလ်တွေရဲ့ ပခုံးပေါ်မှာ ရပ်ကြည့်လို့ပဲဖြစ်မယ်´´ ဟု ဆိုခဲ့သည်။ နယူတန် သည်လည်း ဧရာမပုဂ္ဂိုလ်ဖြစ်ခဲ့ပြီး သူ့ပခုံး၌ နောင်လာနောက်သား သိပ္ပံပညာရှင်တို့ ရပ်ခဲ့သည်။ နယူတန်၏ ရှာဖွေတွေ့ရှိချက်များကို အသုံးပြု၍ အာကာသလွန်းပျံယာဉ်ကို တီထွင်အောင်မြင်ခဲ့သည်။ ဣသရေလလူမျိုးများအား ကတိတော်ထားရာပြည်သို့ ဦးဆောင်ခေါ်သွားရန် ယောရှုအား ဘုရားစေခိုင်း သောအခါ ယောရှု၌ အမှီသဟဲပြုရပ်စရာ ပခုံးရှိခဲ့သည်။ မောရှေ၏ခေါင်းဆောင်မှုကို အနှစ် ၄၀ လုံး သူမြင်ခဲ့ရပြီး ယခုတွင် သူသင်ယူလေ့လာခဲ့ရသမျှကို လက်တွေ့လုပ်ဆောင်ရတော့မည်။ ယောရှု၏ အခြားအားသာချက်တစ်ခုမှာ ဘုရားနှင့်အတူ အသက်ရှင်ခြင်းကြောင့် အသက်တာ၏ လုပ်ငန်း တာဝန်များကို ကြံ့ကြံ့ခိုင် ရပ်တည်နိုင်သည်။ ထို့ကြောင့် သူသည် ဣသရေလလူမျိုးများကို ဦးဆောင်ရာတွင် မောရှေ၏ စံနမူနာရော၊ သူနှင့်အတူရှိမည့် ဘုရားရှင်၏ ကတိတော်ကိုပါ သူရခဲ့သည်။ အနာဂတ်ကို ရင်ဆိုင်ရန် အကူအညီရှာဖွေနေပါသလား။ သင်စံထားရမည့် ဧရာမပုဂ္ဂိုလ်ကိုရှာပါ။ ထို့ပြင် ဘုရားရှင်နှင့်အတူ လျှောက်လှမ်းခြင်းက အရေးပါကြောင်း ထိုအရေးပါမှုကို ဘယ်တော့မှ လျှော့မတွက်ပါနှင့်။ - Dennis Fisher မိမိဖာသာ
တစ်ဦးတည်း ထီးထီးမသွားနိုင် |
|