READ: Deuteronomy 11:13-21
|
နေ့စဉ်ခွန်အား |
|
|||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
|
အောက်တိုဘာလ (၁၈) ရက်၊ တနင်္ဂနွေနေ့ သင့်ရင်သွေးများကို ကောင်းစွာသွန်သင်ပါ ဖတ်ရန်၊ တရား ၁၁း၁၃-၂၁ ထိုစကားကို သင်တို့သည် အိမ်၌ထိုင်လျက် နေသည်ဖြစ်စေ၊ခရီးသွားသည်ဖြစ်စေ၊ အိပ်လျက် ထလျက်ရှိသည်ဖြစ်စေ၊ ဟောပြော၍ သားသမီးတို့အား သွန်သင်ရကြမည်။ တရား ၁၁း၁၉ သမ္မာကျမ်းစာတစ်နှစ်တာ။ ဟေရှာ ၅၃-၅၅၊ ၂ သက် ၁ Sleeping Beauty Waltz, the 1812 Overture နှင့် The Nutcracker Suite ကာတွန်းကားများမှ သီချင်းနှင့် သံစဉ်တို့မှာ ကျွန်မကလေးဘ၀က နှစ်သက်ခဲ့သော တေးသွားများဖြစ်သည်။ Tubby the Tuba နှင့် Peter and the Wolf ဇတ်လမ်းများ၌ ဇတ်ကြောင်းပြောသူက သံစဉ် တေးသွားလေးဖြင့် ဇတ်လမ်းပြောသွားရာ ကျွန်မတို့ ညီအစ်မများ တူရိယာမျိုးစုံ၏ အသံများနှင့် ယဉ်ပါးအောင် ထိုသံစဉ်တေးသွားများက အစပျိုး မိတ်ဆက်ပေးသွားသည်။ ဂီတကို ချစ်မြတ်နိုးသော မိဘများက ဤနည်းအားဖြင့် ကျွန်မတို့ကို သင်ကြားခဲ့သည်။ ဤနည်းက တကယ်အောင်မြင်ခဲ့သည်။ ဂန္တ၀င်ပုံပြင်များမှ ဂန္တ၀င်တေးသံစဉ်များက ကျွန်မတို့အပေါ်၌ သက်ရောက်မှု ကြီးမားခဲ့သည်။ အရေးကြီးသော အကြောင်းအရာ တစ်ခုခုကို ကလေးငယ်တစ်ဦးအား ပြောလိုပါက ပုံပြင်လေးဖြင့် ကိုးကား ပြောဆိုခြင်းက အကောင်းဆုံးဖြစ်သည်။ ၄င်းကို ကလေးများနှစ်သက်ပြီး လွယ်ကူစွာ သဘောပေါက်နိုင်သည်။ ကလေးငယ်များကို နှုတ်ကပတ်တော်ထဲမှ ပုံပြင်များပြောပြပေးခြင်းသည် အသက်တမျှ အရေးကြီးသည်။ အဘယ်ကြောင့်ဆိုတော် ကျမ်းစာမှ မြဲတည်သော သမ္မာတရားက ကလေး များ၏ အကျင်းစရိုက်ကို ပုံသွင်းပေးနိုင်ပြီး ၄င်းတို့၏လုပ်ရပ် အပြုအမူများ၌ အကျိုးသက်ရောက်မှု ရှိလိမ့်မည် (၁ ကော ၁၀း၁၁)။ ယုံကြည်ခြင်းမျိုးစေ့လေးကို မြေဆီမြေနှစ်ကောင်းသော မြေ၌စိုက်ပျိုးပါ။ သမိုင်းတလျှောက်တွင် ယုံကြည်သူများ၏ အသက်တာ၌ ဘုရားရှင် အလုပ်လုပ်ဆောင်ပုံတို့ကို ကလေးငယ်များ မြင်တွေ့အောင် ကူညီပေးပါ။ ဘ၀အသက်တာ၌ ဘုရားရှင် မည်မျှ အကျွမ်းတ၀င် ပါဝင် ပတ်သက်သည်ကို ကျမ်းစာပုံပြင်များက ဖော်ပြပေးသည်။ ကျွန်ုပ်တို့အတွက် ဘုရားရှင်ပြုပေးသော၊ သမိုင်းတလျှောက် သူ့လူများအတွက် ဘုရားရှင် လုပ်ဆောင် ပေးသောအရာများကို နောင်မျိုးဆက်သစ်များသို့ လက်ဆင့်ကမ်းပေးရမည် (တရား ၁၁း၁-၂၁)။ ဤအချက်ပေါ်၌ သူတို့၏အနာဂတ် မှီတည်နေသောကြောင့် သင့်ရင်သွေးကို ကောင်းစွာသွန်သင်ပါ။ - Cindy Hess Kasper
ယေရှုရှင်ကြောင်း ပြောပြပါ၊ နှလုံးသား၌ ရေးမှတ်မှာ။ |
|