READ: Matthew 16:24-28
|
နေ့စဉ်ခွန်အား |
|
|||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
|
အောက်တိုဘာလ (၁၉)ရက်၊ တနင်္လာနေ့ အငြိမ်းစားဘ၀ အနားယူချိန် ဖတ်ရန်၊ မ ၁၆း၂၄-၂၈ အကြင်သူသည် ငါ့ကြောင့် အသက်ရှုံး၏။ ထိုသူသည် အသက်ကိုတွေ့လိမ့်မည်။ မ ၁၆း၂၅ သမ္မာကျမ်းစာတစ်နှစ်တာ။ ဟေရှာ ၅၆-၅၈၊ ၂ သက် ၂ Jane Hanson သည် ဆရာမအဖြစ် အနှစ် ၄၀ လုပ်ကိုင်ခဲ့ပြီးနောက် အငြိမ်းစားယူခဲ့သည်။ သူမနှင့် ခင်ပွန်းသည်တို့သည် မွေးဖွားလာမည့် မြေးဦးလေးကို မျှော်လင့်နေကြသည်။ အငြိမ်းစားယူပြီးနောက် လူတို့သည် အသက်တာကို သက်တောင့်သက်သာ ဘ၀လေးဖြင့်ဖြစ်စေ၊ ခရီးသွားခြင်း (သို့) ၀ါသနာပါရာ အလုပ်တို့၌ ပျော်မွေ့ခြင်းဖြင့်ဖြစ်စေ ကုန်လွန်စေသည်။ သို့သော် Jane သည် သူ့အနီးဝန်းကျင်ရှိ မြို့လေးတစ်မြို့၌ ဒုက္ခရောက်လူငယ်များအား ကူညီသည့် လုပ်ငန်းအကြောင်းကို ကြားပြီး ထိုလုပ်ငန်း၌ သူမပါဝင်ရမည်ဟု သူသဘောပေါက်လိုက်သည်။ “ဟိုက စောင့်စားနေတဲ့ ကလေးတွေရှိတယ်။ သူတို့ဘ၀ကို ထူးခြားအောင် ကျွန်မလုပ်ပေးနိုင်တယ်ဆိုတာ ကျွန်မနားလည်လိုက်တယ်” ဟု ပြောခဲ့သည်။ ပြည်တွင်းစစ်ဒဏ်ကြောင့် နေရပ်တိုင်းပြည်မှ စွန့်ခွာ ခဲ့ရသော လိုင်ဘေးရီယန်း လူငယ်လေးတစ်ယောက်ကို သူအင်္ဂလိပ်စာ စသင်ပေးခဲ့သည်။ လူငယ်လေးက လုံခြုံသောဝန်းကျင်သို့ ရောက်ရှိလာခဲ့သော်လည်း နေရာသစ်၌ ဘာသာစကားသစ်ကို နားမလည်ဘဲ ဖြစ်နေသည်။ ရရှိလာသော အခွင့်အရေးကို အမိအရယူခဲ့သူ Jane က အပြုံးဖြင့် “မြို့တစ်ပတ် ဈေးဝယ်ထွက်ပြီး အလုပ်မရှိအလုပ်ရှာ အလုပ်များနေလို့ရတယ်။ ဒါပေမယ့် ဘယ်လောက် ပျော်ရမှာမို့လဲ” ဟု ပြောခဲ့လေသည်။ ထူးခြားမှုကို Jane ပြုနိုင်ခဲ့သည်။ သခင်ယေရှုပြောခဲ့သော “အကြင်သူသည် ငါ့ကြောင့် အသက်ရှုံး၏။ ထိုသူသည် အသက်ကိုတွေ့လိမ့်မည်” (မ ၁၆း၂၅) ဆိုသောစကားမှ သူသင်ခန်းစာ ရရှိကောင်း ရရှိပေမည်။ သူတစ်ပါးကို ကူညီမစခြင်းအားဖြင့် သခင်ဘုရားထံ မိမိကိုယ်ကို ပေးဆပ်ရာ၌ မိမိအလိုကို ငြင်းပယ်ရပါသည်။ သို့သော် ဤလုပ်ဆောင်မှုအတွက် တစ်နေ့တွင် သခင်၏ ချီးမြှင့်ခြင်း ခံရပေမည် (း၂၇)။ ကျွန်ုပ်တို့ မည်သည့်အသက်အရွယ်၌ ရှိနေပါစေ ဘုရားကိုလည်းချစ်၊ တစ်ပါးသူကိုလည်း ချစ်တတ်သော Jane ၏ စံနမူနာကို အတုယူ လိုက်လျှောက်ကြပါစို့။ - Anne Cetas ယေရှုသခင်၌ သစ္စာစောင့်သိကြပါစို့။ ၀န်ခံထားသော ယုံကြည်ခြင်းကို ပြန်လည်ဆန်းသစ်ကာ “ကျွန်ုပ်ကို ဒီနေ့ ဘာလုပ်စေချင်ပါသလဲဘုရား” ဟု နံနက်တိုင်း သခင့်အား မေးပါ။ - Pangborn --------------------------------------------------------------- သခင်ဘုရားအတွက် အလုပ်လုပ်ပါ။ အငြိမ်းစားအနားယူရန် သခင်၏အစီအစဉ်မှာ လောက၏ အခြားတစ်ဘက်၌ဖြစ်သည်။ |
|