READ: Psalm 119:33-40
|
နေ့စဉ်ခွန်အား |
|
|||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
|
အောက်တိုဘာလ (၂၂)ရက်၊ ကြာသပတေးနေ့ မှတ်ဥာဏ်အားနည်းလာခြင်း ဖတ်ရန်၊ ဆာ ၁၁၉း၃၃-၄၀ အနတ္တကို ပမာဏမပြုစေခြင်းငှာ အကျွန်ုပ်မျက်စိကို အခြားသို့လွှဲတော်မူပါ။ လမ်းခရီးတော်၌ အကျွန်ုပ်အသက်ရှင်စေတော်မူပါ။ ဆာ ၁၁၉း၃၇ သမ္မာကျမ်းစာတစ်နှစ်တာ။ ဟေရှာ ၆၅-၆၆၊ ၁ တိ ၂ ကွန်ပြူတာ၌ အချက်အလက်တို့ သိုမှီးမှတ်သားခြင်းများ တိုးလာသည်နှင့်အမျှ လူသား၏မှတ်ဥာဏ်အားနည်း လျော့ကျခြင်းအကြောင်း ဆောင်းပါးကို New York Times ၌ ရေးသားထားသည်။ ယခင်က ထပ်ခါထပ်ခါပြုလုပ်၍ မှတ်မိ သိနေသည့်ဖုန်းနံပါတ်များ၊ ကားလမ်းကြောင်းများနှင့် အခြား အကြောင်းအချက်တို့ကို ယခုတွင် အီလက်ထရောနစ် အကူစက်ပစ္စည်းများက မှတ်သားပေးသည်။ ကျောင်းများ၏ သင်ရိုးညွှန်းတမ်းတွင် အလွတ်ကျက်မှတ်ခြင်း၊ နှုတ်တိုက် ရွတ်ဆိုခြင်းများက မပါတော့ပါ။ တိုင်းမ်စ်မဂ္ဂဇင်း၏ အဆိုအရ ကျွန်ုပ်တို့သည် “မှတ်ဥာဏ်စွမ်းရည် တိုးတက်မှုကို အားမပေးသည့် ယဉ်ကျေးမှုစနစ်၏ ထွက်ကုန်များ” ဖြစ်လာပြီဟု ဆိုသည်။ သို့သော် ခရစ်တော်၏ နောက်လိုက်များ အနေနှင့် နှလုံးသားထဲ ဘုရားရှင်၏ စကားတော်များ သိုမှီးထားရန် အလွန်လိုအပ်သည် (ဆာ ၁၁၉း၉-၁၁)။ စိတ်လေ့ကျင့်ခန်းများက အလုပ်ဖြစ်သည်ထက် နှုတ်ကပတ်တော် ကျက်မှတ်ခြင်းက သာ၍ အကျိုးရှိသည်။ ဘုရား၏ လမ်းတော်နှင့် အညီ အသက်ရှင်နိုင်အောင် စိတ်နှလုံးတွင် ဘုရား၏ သမ္မာတရားဖြင့် ပြည့်နေစေရန် ကျမ်းစာ ကျက်မှတ်ရခြင်းဖြစ်သည်။ ဆာလံဆရာက “အိုထာဝရဘုရား အထုံးအဖွဲ့တော်လမ်းကို အကျွန်ုပ်အား သွန်သင်တော်မူပါ။ အဆုံးတိုင်အောင် လိုက်သွားပါမည်... အနတ္တကို ပမာဏ မပြုစေခြင်းငှာ အကျွန်ုပ်မျက်စိကို အခြားသို့ လွှဲတော်မူပါ။ လမ်းခရီးတော်၌ အကျွန်ုပ် အသက်ရှင်စေတော်မူပါ” ဟု ရေးသားထားခဲ့သည် (ဆာ ၁၁၉း၃၃၊ ၃၇) မှတ်ဥာဏ်ထဲ နှုတ်ကပတ်တော် သိုမှီးခြင်းကို အဘယ်ကြောင့် အစမပြုသေးသနည်း။ နေ့ရက်တိုင်း အပြန်ပြန် အလှန်လှန် ရွတ်ဆိုခြင်းက အောင်မြင်ရန် သော့ချက်ပင်။ ကျမ်းစာကျက်မှတ်ရန် ၀ိညာဉ်ရေးစည်းကမ်းကို ကာယလေ့ကျင့်ခန်း ကဲ့သို့ပင် မိတ်ဆွေတစ်ဦးဦးနှင့် ဖြစ်စေ၊ အဖွဲ့ငယ်လေးဖြင့် ဖြစ်စေ အတူတကွလုပ်ဆောင်ခြင်းဖြင့် ပို၍အကျိုးများလိမ့်မည်။ အသက်ပေးပိုင်သော ဘုရား၏ နှုတ်ကပတ်တော် ပညာဥာဏ်ကို အောက်မေ့လိုက်လျှောက်ရန် မမေ့လျော့နှင့်။ - David McCasland
ကျမ်းစာဖတ်ခြင်း၊ လေ့လာခြင်း၊
နာခံခြင်းနှင့် နှလုံးသားဝယ် သိုမှီးခြင်း စသည့် |
|