နေ့စဉ်ခွန်အား
 

Burmese Bible       Burglish Version - Test Page     ODB Sep~Nov

<

OCTOBER 2009

>

S M T W T F S   S M T W T F S
27 28 29 30 1 2 3   18 19 20 21 22 23 24
4 5 6 7 8 9 10   25 26 27 28 29 30 30
11 12 13 14 15 16 17                
အောက်တိုဘာလ (၂၃)ရက်၊ သောကြာနေ့
ထပ်ကြပ်မကွာ ဖတ်ရန်၊ မ ၄း၁၈-၂၅

ငါ့နောက်သို့ လိုက်ကြလော့။ သင်တို့သည် လူကိုမျှားသော တံငါဖြစ်စေခြင်းငှာ ငါပြုမည် မ ၄း၁၉

သမ္မာကျမ်းစာတစ်နှစ်တာ။ ယေ ၁-၂၊ ၁ တိ ၃

Stan နှင့် Jennifer တို့သည် သာသနာပြုကွင်း၌ အစေခံမှု ပထမသက်တမ်း ပြီးစီးသည့်နောက် မြောက်ကယ်ရိုလိုင်းနား၊ မာရီယွန်၌ ကျင်းပသော သာသနာအစည်းအဝေးတစ်ခု၌ သက်သေခံ ဝေငှခဲ့သည်။
ဂျဲနဖာက သူမနှင့် အမျိုးသမီးတစ်ဦးတို့ သမ္မာကျမ်းစာ လေ့လာသည့် အကြောင်းကို ပြောပြသည်။ မ ၄း၁၉ ကို နှစ်ဦးသား ဆွေးနွေးကြစဉ် ထိုအမျိုးသမီးက သူမ၏ ဘာသာစကားဖြင့် "follow" နောက်လိုက်သည်ဟု အဓိပ္ပါယ်ရသော စကားလုံး တစ်လုံးအကြောင်း ပြောပြသည်။ “အဲဒီ စကားလုံး အဓိပ္ပါယ်က ခပ်လှမ်းလှမ်းမှ မဟုတ်ဘဲ အနီးမှကပ်၍ လိုက်ပါခြင်းကို ဆိုလိုတယ်” ဟု ပြောခဲ့သည်။
ယင်းကို သရုပ်ဖော်ရန် ဂျဲနဖာက ထိုဒေသခံတိုင်းရင်းသား အမျိုးသမီးတို့ စီးသော ခြေညှပ်ဖိနပ် တစ်ရံကိုကိုင်ကာ အရှေ့ တစ်ဖက်၊ အနောက် တစ်ဖက် ချပြသည်။ ပြီးနောက် အနောက်မှရှိသော ဖိနပ်ကို ရှေ့ ဘက်ရှိ ဖိနပ်၏ ခြေဖနောင့်နားထိ ရွေ့ ပြပြီး ထိုစကားလုံးက “ဖ၀ါး ထပ်ကြပ်မကွာ လိုက်ပါခြင်း” ဟု အဓိပ္ပါယ်ရသည်ဟု ပြောပြသည်။ ယေရှုရှင်နောက် နီးနိုင်သမျှ အနီးဆုံးလိုက်ပါရန် ရည်ညွှန်းဆိုလိုသည်။
နောက်ပိုင်း ဂျဲနဖာသည် သိမ်းထားသည့် ဂျာနယ်များကို ပြန်ဖတ်ရင်း “ယေရှုရှင်ရှိရင်ပြီးပြီ။ လုံလောက်ပြီလား” ဟု သူ မကြာမကြာ မေးခွန်းထုတ်ခဲ့ကြောင်း၊ သူ့ကိုယ်သူ အံ့သြတကြီး ပြန်သုံးသပ်မိသည်။ ယဉ်ကျေးမှု မတူ၍ စိတ်အနှောက်အယှက်ဖြစ်ရခြင်း၊ နာမကျန်းဖြစ်ခြင်း၊ အထီးကျန်မှု၊ သားသမီးမထွန်းကားခြင်း တို့နှင့် သူလုံးပန်းခဲ့ရသည်။ အချိန်အတော်များများ ခရစ်တော်ရှင်နှင့် ဝေးကွာနေသည်ဟု ခံစားခဲ့ရသည်။ သို့သော် ဆုတောင်းခြင်း၊ ယုံကြည်ခြင်းဖြင့် သခင်နှင့် နီးနိုင်သမျှ အနီးဆုံးရှိကာ “ဖ၀ါးထပ်ကြပ်မကွာ” လိုက်ပါရန် ဆွဲခေါ်ခံရပြီး သူမ၏ ၀ိညာဉ်ကို ကိုယ်တော်က ငြိမ်းအေးစေခဲ့သည်။ ခွန်အားနှင့် ပြည့်စေပြီး ငြိမ်သက်ခြင်းကို ပေးသနားခဲ့သည်။
စိတ်ထဲဟာလျက် အားငယ်ပြီး ကြောက်ရွံ့ ကာ သခင်နှင့် ဝေးကွာနေသည်ဟု ခံစားရပါသလား။ ထိုအချိန်သည် သခင့်နောက် ဖ၀ါးထပ်ကြပ်မကွာ လိုက်ပါရမည့် အချိန်ပင်။ - Dave Enger

ကိုယ်တော့်ထံသာ မျှော်ကြည့်ပြီး ဘယ်အခါမှ မယိမ်းယိုင် လျော့နည်းမသွားဘဲ
နောက်တော်သို့ စိတ်ချယုံကြည်စွာ လိုက်သော
သူငယ်၏ ယုံကြည်ခြင်းမျိုး ပေးသနားမူပါ ဘုရား။ - Showerman
-------------------------------------------------------------------------------------------------
ဘုရားရှင်နှင့် နီးကပ်စွာ လျှောက်လှမ်းလေလေ
ကိုယ်တော်၏ ဦးဆောင်မှုကို ရှင်းလင်းစွာ မြင်ရလေလေ။