READ: Psalm 32:1-7
|
နေ့စဉ်ခွန်အား |
|
|||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
|
အောက်တိုဘာလ (၂၄)ရက်၊ စနေနေ့ လျှို့ဝှက်ချက်ပေါ်ပြီ ဖတ်ရန်၊ ဆာ ၃၂း၁-၇ တဖန် အကျွန်ုပ်သည် ကိုယ်အပြစ်ကို ရှေ့ တော်၌ ၀န်ချပါ၏။ ပြုမိသော ဒုစရိုက်ကို ၀ှက်၍မထားပါ။ ... ကိုယ်တော်သည် အကျွန်ုပ် ပြစ်မှားခြင်း အပြစ်ကို လွှတ်တော်မူ၏။ ဆာ ၃၂း၅ သမ္မာကျမ်းစာတစ်နှစ်တာ။ ယေ ၃-၅၊ ၁ တိ ၄ ဖလော်ရီဒါရှိ အနယ်အထပ်ထပ်ဖြင့် နောက်ကျိနေသော Okeechobee ရေကန်ကြီးသည် ရေအောက်လျှို့ ၀ှက်ချက်များကို နှစ်ပေါင်းများစွာ ဖုံးဝှက်ထားခဲ့သည်။ ၁၉၃၂ ခုနှစ်မှစ၍ ပြုစုခဲ့သော တရားဝင်မှတ်တမ်းများအရ ၂၀၀၇ ခုနှစ် မိုးခေါင်မှုကြောင့် ထိုရေကန်ကြီးမှာ အနိမ့်ဆုံး ရေမျက်နှာပြင်သို့ ခန်းခြောက်ခဲ့၍ လွန်ခဲ့သော ရာစုနှစ်များမှ တိမ်မြှုပ်နေသော သမိုင်းလျှို့ ၀ှက်ချက်များ ပေါ်လာရသည်။ ရေကန်၏ အောက်ခြေကို တူးဆွရှာဖွေရာမှ သမိုင်းဝင် လက်မှုပစ္စည်းများ၊ မြေအိုးမြေခွက်များ၊ လူရိုးအပိုင်းအစများနှင့် လှေများကိုပင် ရှေးဟောင်း သုတေသီတို့ တွေ့ရှိခဲ့သည်။ ဒါဝိဒ်သည် ဗာသရှေဗနှင့် မှားယွင်းပြီး သူမ၏ခင်ပွန်း ဥရိယအား သေကြောင်းကြံခဲ့သော်လည်း အပြစ်ကို ၀န်မခံဘဲ ခေါင်းရှောင် ဖုံးကွယ် ထားခဲ့သည်။ လုပ်ငန်းတာဝန်များ၊ ၀တ်ပြုကိုးကွယ်ခြင်း အမှုများကိုပင် ဦးဆောင်ပြုမြဲပြုကာ လပေါင်းများစွာ အချိန် ကြာကောင်း ကြာသွားမည်။ သို့သော် မည်သူမျှမသိသည့် လျှို့ ၀ှက်အပြစ်များကို ဖုံးကွယ်ထားသရွေ့ ဘုရားသခင်၏ လက်ညှိုးတော်မှ အပြစ်ထောက်ပြနေသည်ကို ခံစားနေရပြီး သူ့ခွန်အားမှာလည်း နွေအပူရှိန်ကြောင့် အငွေ့ ပြန်သွားသည့် ရေပမာ ခန်းခြောက်ကုန်တော့သည် (ဆာ ၃၂း၃-၄)။ ဒါဝိဒ်၏အပြစ်ကို ပရောဖက်နာသန်က သူနှင့် ထိပ်တိုက် ရင်ဆိုင်ပြောလိုက်သောအခါ ဘုရားရှင်၏ စီရင်ချက်က ပြစ်မှုထင်ရှားလှ၍ ဒါဝိဒ်သည် အပြစ်ကို ၀န်ချတောင်းပန်ကာ ဒုစရိုက်မှ နောက်ပြန်လှည့်ခဲ့သည်။ ချက်ခြင်းပင် ဘုရားသခင်သည် ဒါဝိဒ်အား ခွင့်လွှတ်ပြီး ဒါဝိဒ်သည်လည်း သခင်၏ သနားဂရုဏာနှင့် ကျေးဇူးပြုခြင်းကို ခံစားခဲ့ရသည် ( ၂ ရာ ၁၂း၁၃၊ ဆာ ၃၂း၅၊ ဆာ ၅၁)။ မိမိ၏အပြစ်ကို ဖုံးကွယ်မထားမိအောင် သတိပြုရပါမည်။ ဘုရားရှင်ထံ ၀န်ချလျက် အပြစ်များကို ဖော်ပြလျှင် ကိုယ်တော်က ခွင့်လွှတ်ခြင်းနှင့် လွှမ်းခြုံပေးပါသည်။ - Marvin Williams
လျှို့ ၀ှက်စွာရှိနေသော
ဖုံးကွယ်အပြစ်များကို ဖွင့်ချနိုင်ရန် ကူမပါသခင် |
|