နေ့စဉ်ခွန်အား
 

Burmese Bible       Burglish Version - Test Page     ODB Sep~Nov

<

OCTOBER 2009

>

S M T W T F S   S M T W T F S
27 28 29 30 1 2 3   18 19 20 21 22 23 24
4 5 6 7 8 9 10   25 26 27 28 29 30 30
11 12 13 14 15 16 17                
အောက်တိုဘာလ (၂၅)ရက်၊ တနင်္ဂနွေနေ့
ကောင်းကင်၌တွေ့ရသည့် လူငါးဦး ဖတ်ရန်၊ ၂ ကော ၅း၆-၁၁

ငါတို့ရှိသမျှသည် ...ခရစ်တော်၏ တရားပလ္လင်ရှေ့ ၌ ပေါ်လာရကြမည် ၂ ကော ၅း၁၀

သမ္မာကျမ်းစာတစ်နှစ်တာ။ ယေ ၆-၈၊ ၁ တိ ၅

လောက၌ သက်ရှင်စဉ် သင့်ကို နှစ်သက်အားကျသူများနှင့် ကောင်းကင်နိုင်ငံ၌ ပြန်ဆုံပြီး ကောင်းကင်ဘုံတွင် သူတို့ သင့်အကြောင်း ပြောကြလျှင် ကောင်းကင်ဘုံသည် မည်သို့သောနေရာ ဖြစ်သွားမည်ကို စိတ်ကူးပုံဖော်ရင်း "The Five People You Meet in Heaven" ဆိုသောစာအုပ် ရေးရန် အတွေး စိတ်ကူးရခဲ့ကြောင်း စာရေးဆရာ Mitch Albom ပြောပြခဲ့သည်။
မရည်ရွယ်ဘဲနှင့် တပါးသူ၏ အသက်တာကို ကျွန်ုပ်တို့ လွှမ်းမိုးတို့ထိနိုင်ကြောင်း Albom ၏ စာအုပ်အားဖြင့် သဘောပေါက် နားလည်ရသည်။ သို့သော် ခရစ်ယာန်များသည် ထာဝရကာလ၌ အတိုင်းမသိ ၀မ်းမြောက်ရခြင်းကို အခြားသူများထံမှ ရရှိခြင်းမဟုတ်ဘဲ ကျွန်ုပ်တို့၏သခင် ကယ်တင်ရှင်ထံမှသာလျှင် ရရှိသည်။ ကောင်းကင်ဘုံသည် ကျွန်ုပ်တို့အတွက် ယေရှုရှင်က ယခု ပြင်ဆင်ပေးနေသည့် တကယ်ရှိသောနေရာ ဖြစ်သည်။ ထိုနေရာသို့ ရောက်ရှိလျှင် အသက်ရှင်သော ခရစ်တော်ကို တွေ့ရ၍ ၀မ်းမြောက်ရလိမ့်မည် (ယော ၁၄း၂-၃၊ ၂ ပေ ၃း၁၃)။
မည်သို့ပင်ဆိုစေ ဤသို့ ယေရှုရှင်နှင့် ပြန်လည် တွေ့ဆုံရချိန်သည် လောက၌ သက်ရှင်ခဲ့သည့် မိမိ၏ ဘ၀အကြောင်းကို တာဝန်ခံ ရှင်းလင်း ဖြေကြားရမည့် အချိန်လည်းဖြစ်သည်။ “ငါတို့ရှိသမျှသည် ကိုယ်ခန္ဓာ၌ ကျင့်သောအကျင့် ကောင်းမကောင်း ရှိသည်အတိုင်း အကျိုးအပြစ်ကို အသီးအသီးခံခြင်းငှာ ခရစ်တော်၏ တရားပလ္လင်ရှေ့ ၌ ပေါ်လာရကြမည်” ဟု ယုံကြည်သူများအား မိန့်ကြားထားပါသည် (၂ ကော ၅း၁၀)။ ဘုရားရှင်ကို၊ ကိုယ်နှင့်စပ်ဆိုင်သူကို ကျွန်ုပ်တို့ အဘယ်မျှလောက် ချစ်သည်ကို သခင်ဘုရားက ပညာနှင့်ပြည့်စုံစွာ၊ ဖြောင့်မတ်စွာ သုံးသပ်စီရင် ဖော်ထုတ်လိမ့်မည် (မ ၂၂း၃၇-၄၀)
ကောင်းကင်ဘုံ၌ ပထမဦးဆုံး ဆုံရမည့်လူငါးဦးမှာ မည်သူတို့ဖြစ်မည်ကို ကျွန်ုပ်တို့ မသိနိုင်ပါ။ သို့သော် သခင်ယေရှုကား ကျွန်ုပ်တို့ ဦးဆုံး တွေ့ဆုံရမည့်သူပင် ဖြစ်ကြောင်း အတပ်သိနေပါ၏။ - Dennis Fisher

ခရစ်တော်နှင့်အတူ ဘုန်းအသရေ၌ ရပ်ရချိန်မှာ ဆုံးခန်းတိုင်ခဲ့သော
အသက်တာကို စစ်ကြောမှ ဘယ်မျှ ပေးဆပ်စရာရှိသည်ကို အကြွင်းမဲ့နားလည်အံ့။
ထိုအချိန်မတိုင်မီ နားမလည်နိုင်ပြီ။ - McCheyne
--------------------------------------------------------------------------------
ယေရှုရှင်နှင့် ထာဝစဉ် အမြဲရှိရခြင်းသည် အလုံးစုံသော ၀မ်းမြောက်စရာပင်။