READ: Romans 8:26-29
|
နေ့စဉ်ခွန်အား |
|
|||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
|
အောက်တိုဘာလ (၂၆)ရက်၊ တနင်္လာနေ့ သူက ယေရှုလား ဖတ်ရန်၊ ရော ၈း၂၆-၂၉ ဘုရားသခင်၏ သားတော်သည် အများသောညီတို့တွင် သားဦးဖြစ်တော်မူမည်အကြောင်း ဘုရားသခင်သည် ရှေ့မဆွက သိတော်မူသော သူတို့ကို သားတော်၏ပုံသဏ္ဍာန်နှင့် တညီတည်းဖြစ်စေခြင်းငှာ ရှေ့မဆွက ခွဲခန့်မှတ်သားတော်မူ၏။ ရော ၈း၂၉ သမ္မာကျမ်းစာတစ်နှစ်တာ။ ယေ ၉-၁၁၊ ၁ တိ ၆ တနင်္ဂနွေနေ့ တစ်မနက်၌ ဘုရားကျောင်းထဲသို့ လှမ်းဝင်လာစဉ် ကလေးတစ်ယောက်က ကျွန်တော့်အားကြည့်ပြီး သူ့အမေကို “အမေ အဲဒီလူက ယေရှုလား” ဟု မေးလိုက်သည်။ မိခင်ဖြစ်သူ ဘာပြန်ပြောမည်ကို သိလိုလှသည်။ “မဟုတ်ဘူး။ သူက အမေတို့ရဲ့ သင်းအုပ်ပါ” ဟု မိခင်က ဖြေလိုက်သည်။ မဟုတ်ဘူးဟု ပြန်ဖြေမှာကို အတပ်သိနေသော်လည်း “သူက အမေတို့ရဲ့ သင်းအုပ်ဆရာပါ။ ဒါပေမယ့် သူ့အားဖြင့် ယေရှုအကြောင်း အမှတ်ရ စေတယ်” ဟူ၍ ဖြည့်စွတ်ပြောစေချင်လှပါသည် (ယေရှုရှင်နှင့် သဏ္ဍာန်တူရေးသည် ခရစ်တော် နောက်လိုက်ရန် ရွေးချယ်ခေါ်ခြင်း ခံရသူများ၏ ဘ၀ရည်မှန်းချက် ဖြစ်သည်)။ John Stott ရေးသားသကဲ့သို့ပင် ၄င်းသည်အတိတ်၊ ပစ္စုပ္ပန်၊ အနာဂါတ်တို့၌ ကျွန်ုပ်တို့ အားသွန်ခွန်စိုက် အရောက်လှမ်းရမည့် ပန်းတိုင်ဖြစ်ပါသည်။ ရောမ ၈း၂၉ က ကျွန်ုပ်တို့ကို “သားတော်၏ ပုံသဏ္ဍာန်နှင့် တညီတည်း ဖြစ်စေခြင်းငှာ ရှေ့မဆွက ခွဲခန့်မှတ်သားထား” ကြောင်း၊ ယခုမျက်မှောက်၌ ကျွန်ုပ်တို့ကို “ဘုန်းအသရေတိုးပွား၍ (ခရစ်တော်၏) “ပုံသဏ္ဍာန်တော်နှင့်အညီ ပြောင်းလဲ” ပေးနေပြီး (၂ ကော ၃း၁၈)၊ အနာဂတ်၌ “ကိုယ်တော် ထင်ရှားပေါ်ထွန်းတော်မူသောအခါ ကျွန်ုပ်တို့သည် ကိုယ်တော်နှင့် တူကြလိမ့်မည်” (၁ ယော ၃း၂)။ ပညတ်ချက်များ စောင့်ထိန်းခြင်း၊ ဘုရားကျောင်းတက်ခြင်း၊ ဆယ်ဖို့တစ်ဖို့ ပေးလှူခြင်းတို့က ခရစ်တော်နှင့် သဏ္ဍာန်တူခြင်းနှင့် မဆိုင်ပါ။ ခရစ်တော်နှင့် သဏ္ဍာန်တူခြင်းသည် ဘုရားသခင်၏ ခွင့်လွှတ်ခြင်းကို သိနားလည်ခြင်း၊ ကျေးဇူးနှင့် ကရုဏာကို တသမတ်တည်း ၀န်ခံသိမှတ်ခြင်း ဖြစ်သည်။ လူကိုတန်ဘိုးထားလျက် အသက်တာကို ရှင်သန်ခြင်းဖြစ်သည်။ ခမည်းတော်ဘုရား၏ အလိုတော်ကို ဥဿုံဝန်ခံသော စိတ်ထားရှိခြင်းဖြစ်သည်။ ယေရှုရှင်နည်းတူ အသက်ရှင်ပါ။ ထိုသို့အသက်ရှင်ရန် ကယ်တင်ခံရခြင်းဖြစ်သည်။ - Joe Stowell
ယေရှုနှင့်သဏ္ဍာန်တူရေး - ကျွန်ုပ်ဟစ်ကြွေးလျက် |
|