READ: Job 37:1-18
|
နေ့စဉ်ခွန်အား |
|
|||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
|
အောက်တိုဘာလ (၂၇)ရက်၊ အင်္ဂါနေ့ အလင်းဟူသော ဖန်ဆင်းခြင်းလက်ရာ ဖတ်ရန် - ယောဘ ၃၇း၁-၁၈ ဘုရားသခင်သည် ကြီးသောအမှု၊ စစ်၍မကုန်နိုင်သောအမှု၊ ရေတွက်၍မဆုံး အံ့သြဘွယ်သောအမှုတို့ကို ပြုတော်မူ၏။ ယောဘ ၅း၉ သမ္မာကျမ်းစာတစ်နှစ်တာ။ ယေ ၁၂-၁၄၊ ၂ တိ ၁ ညဖက်၌ တလက်လက်တောက်ပနေသော Luminous ဆားငန်ရေထုမှာ ဂျမေးကားနိုင်ငံ၏ အံ့ဖွယ်ရာများအနက် တစ်ခုဖြစ်သည်။ နေ့အချိန်၌ ယင်းသည် မြောက်ဘက်ကမ်းရိုးတန်းရှိ သာမန် ပင်လယ်အော်မျှသာဖြစ်လည်း ညအချိန်၌မူ သဘာဝတရား၏ အံ့ဖွယ်ရာတစ်ခုဖြစ်သည်။ ထိုနေရာသို့ ညအချိန်၌ သွားရောက်လည်ပတ်ပါက ရေထု၌ သန်းပေါင်းများစွာသော မီးစုန်းကောင်လေးများနှင့် ပြည့်နေသည်ကို တွေ့ရမည်။ လှုပ်ရှားမှု တစ်ခုခုဖြစ်တိုင်း ပင်လယ်အော်ရှိ ရေထုနှင့် မီးစုန်းကောင်လေးများ လင်းလက်လာသည်။ ဥပမာ - လှေအနီး ငါးများကူးခတ်သွားပါက ရေထဲ၌ ပိုးစုန်းကြူးလေးများ ပျံနေသကဲ့သို့ မီးစုန်းကောင်လေးများ တောက်ပလာသည်။ လှေသင်္ဘော စီးမျောသွားရာ လှိုင်းထကျန်ခဲ့သည့် လမ်းတစ်လျှောက်၌လည်း လက်းလက်တောက်ပနေသည်။ ဘုရား၏ အံ့သြဘွယ် ဖန်ဆင်းခြင်းက ကျွန်ုပ်တို့ကို မှင်သက် ဆွံ့အသွားစေသည်။ သို့သော် ဤအရာမှာ ယောဘ ၃၇ နှင့် ၃၈ တို့၌ ဖော်ပြထားသော ဘုရား၏ အံ့သြဖွယ်လက်ရာတစ်ခုလုံး၏ အစိတ်အပိုင်းလေးမျှသာဖြစ်သည်။ အံ့မခန်းကြီးမြတ်သော သဘာဝတရား၌ ဘုရား၏ အခန်းကဏ္ဍအကြောင်း ဘုရားကိုယ်တိုင် ရှင်းပြထားပုံကို နားဆင်ကြည့်ပါ။ “ထိုအမှုတို့ကို ဘုရားသခင်စီရင်၍ မိုဃ်းတိမ်တော်အလင်းကို ထွန်းလင်းစေတော်မူသောအခါ သင်သည် သိသလော” (၃၇း၁၅)၊ “အလင်းနေရာသို့ အဘယ်မည်သောလမ်းဖြင့် ရောက်ရသနည်း။ မှောင်မိုက် နေရာလည်း အဘယ်မှာရှိသနည်း” (၃၈း၁၉)။ အံ့ဖွယ်အလင်းရောင်ခြည်ဖြစ်စေ၊ တလက်လက် တောက်ပသောငါးများဖြစ်စေ ဘုရား၏ ထည်ဝါလှသော လက်ရာများမှာ ထူးခြားစိတ်ဝင်စားဖွယ် ကောင်းလှသည်။ လောကရှိ အံ့ဖွယ်ရာအားလုံးမှာ ဘုရားသခင်၏ လက်တော်နှင့် ပြုလုပ်ဖန်ဆင်းထားသော လက်ရာများဖြစ်ကြောင်း ယောဘကို ဘုရားသခင် သတိပေးခဲ့သည်။ ဘုရား၏အံ့ဖွယ် လက်ရာများကို လေ့လာသောအခါ ဤအရာတို့သည် “အံ့သြ၍မကုန်နိုင်သောအရာ” များပင်ဖြစ်သည်ဟူ၍ ယောဘ တုန့်ပြန် သကဲ့သို့ပင် ကျွန်ုပ်တို့လည်း တုံ့ပြန်မိပေမည် (၄၃း၃)။ - Dave Branon
လင်းလက်ကာ လှပသည့် အရာမှန်သမျှ၊
သတ္တ၀ါကြီးငယ်မှန်သမျှ၊ |
|