READ: Revelation 12:7-12
|
နေ့စဉ်ခွန်အား |
|
|||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
|
အောက်တိုဘာလ (၂၈)ရက်၊ ဗုဒ္ဓဟူးနေ့ ကောင်းလှသည့် ရုပ်ဖျက်ပညာ ဖတ်ရန်၊ ဗျာ ၁၂း၇-၁၂ ငါတို့ညီအစ်ကိုများကို ငါတို့ဘုရားသခင် ရှေ့တော်၌ နေ့ညဥ့်မပြတ် အပြစ်တင်သောရန်သူကို အောက်သို့ချလေပြီ။ ဗျာ ၁၂း၁၀ သမ္မာကျမ်းစာတစ်နှစ်တာ။ ယေ ၁၅-၁၇၊ ၂ တိ ၂ တစ်ချိန်က ဘော့စနီးယား ဆပ်ခေါင်းဆောင်တစ်ဦးဖြစ်သူ Radovan Karadzic သည် လူမျိုးစုလိုက် အစုအပြုံလိုက် သတ်ဖြတ်မှုဖြင့် တရားစွဲ ခံရပြီး ကမ္ဘာကအလိုရှိသည့် လူဆိုးတစ်ဦးဖြစ်သည်။ မုတ်ဆိတ်မွေးဖြူကို အရှည်ထားပြီး စာရွက်စာတမ်းအတုများ၊ ဆေးဝါးမျိုးစုံဖြင့် ရုပ်ပြောင်း ရုပ်လွှဲလုပ်ကာ လူတိုင်းအား တခဏတာ လှည့်စားနိုင်ခဲ့သည်။ ၁၃ နှစ်ကြာ ပုန်းလျှိုး ကွယ်လျှိုးနေခဲ့ပြီး နောက်ဆုံး၌ အဖမ်းခံရတော့သည်။ စာတန်သည်လည်း ရုပ်ဖျက်ကာ လူများအား လှည့်စားနေကြောင်း သမ္မာကျမ်းက ပြောထားပါသည်။ လူ့သမိုင်းအစကပင် သူသည် အသိပညာ ကြွယ်ဝသည့် အကြံပေးပုဂ္ဂိုလ်ပမာ ဟန်ဆောင်ကာ ဘုရားသခင်သည် မရိုးသားကြောင်း ဧ၀ကို ကုန်းချောခဲ့သည် (က ၃း၎)။ စာတန်သည် “လင်းသော ကောင်းကင်တမန် ဖြစ်ယောင်ဆောင်တတ်” သော်လည်း (၂ ကော ၁၁း၁၄)၊ “မုသာစကား၌ ကျင်လည်သောသူ ... မုသာ၏ အဘလည်းဖြစ်၏” ဟု ယေရှု ခရစ်တော်က စာတန်၏သရုပ်မှန်ကို ဖွင့်ပြခဲ့သည် (ယော ၈း၄၄)။ စာတန်ကို အစွန်းရောက်သော အမြင်နှစ်မျိုးဖြင့် ရှုမြင်ပြီး တစ်ခါတစ်ရံ လူတို့ အမှားလုပ်နေကြသည်။ အချို့က စာတန်ကို လုံးဝအရေးမပါဟု ယူဆပြီး အချို့ကမူ စာတန်သည် တန်ခိုးကြီးလှသည်ဟု လိုသည်ထက်ပိုပြီး ယုံနေကြသည်။ အလှည့်စားမခံလိုက်ရပါစေနှင့်။ “ဤလောကကို အစိုးရသောဘုရား” ဖြစ်သည့် (၂ ကော ၄း၎) စာတန်၌ တန်ခိုးရှိပါသည်။ သို့သော် ခရစ်ယာန်များသည် စာတန်ရှေ့၌ ကြောက်ဒူးတုန်စရာ အကြောင်းမရှိပေ။ အကြောင်းမှာ “သင်တို့ဘက်၌ရှိသော သူသည် လောကဘက်၌ရှိသောသူထက် သာ၍ကြီးတော်မူ” ၏ (၁ ယော ၄း၎)။ စာတန်ကို မီးငရဲအိုင်ထဲသို့ ချလိုက်မည့်အချိန် ရောက်လာလိမ့်မည် (ဗျာ ၂၀း၁၀)။ အလှည့်စားမခံဘဲ ဘုရားတရား ကိုင်းရှိုင်းသောအသက်တာဖြင့် ထိုနေ့ရောက်သည့်တိုင် နေထိုင်ရှင်သန်ပါ။ ယေရှုခရစ်တော်၏ သဏ္ဍာန်ကို ထင်ဟပ်ပေါ်လွင်စေပါ။ ယေရှုခရစ်သည် ယုံကြည်လောက်သောသူဖြစ်ပြီး သူ၌ မူသာမရှိ” (ယော ၇း၁၈)။ - C.P. Hia
နေ့ရက်အစဉ် သက်ရှင်လှုပ်ရှားရာဝယ်
စာတန်မျက်နှဖုံးစွပ်ထား၍ |
|