READ: Luke 15:4-24
|
နေ့စဉ်ခွန်အား |
|
|||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
|
အောက်တိုဘာလ (၂၉)ရက်၊ ကြာသပတေးနေ့
ပျောက်ပြီး ပြန်တွေ့ ဖတ်ရန်၊ လု ၁၅း၎-၂၄ ငါ့သားသည် အထက်ကသေ၏။ ယခု ရှင်ပြန်၏။ ယခု တွေ့ပြန်၏။ လု ၁၅း၂၄ သမ္မာကျမ်းစာတစ်နှစ်တာ။ ယေ ၁၈-၁၉၊ ၂ တိ ၃ တစ်ချိန်က မြတ်နိုးပိုင်ဆိုင်ခဲ့သော ကားများကို လူလတ်ပိုင်း အမေရိကန် အမျိုးသားများက နည်းအမျိုးမျိုးဖြင့် ကြိုးပန်း၍ ပြန်ရှာသည့်အကြောင်းကို Jennifer Saranow က Wall Street ဂျာနယ်၌ ဆောင်းပါးရေးခဲ့သည်။ အွန်လိုင်းပေါ်ရှိ ကားကြော်ငြာများ၌ ရှာကြသည်။ ကားသင်္ချိုင်းများသို့ ဖုန်းဆက် စုံစမ်းကြသည်။ တစ်နာရီလျှင် ၀န်ဆောင်ခ ဒေါ်လာ၄၀၀ ပေးရသည့် ကျွမ်းကျင်သူကိုငှားကာ သူတို့၏ ပျိုမြစ်မှု လူငယ်ဘ၀ အမှတ်လက္ခဏာ ကားလေးကို ရှာစေခဲ့သည်။ ဤလူများသည် မိမိတို့ပိုင်ဆိုင်ခဲ့သော ကားကိုသာ ပြန်လိုချင်ကြသည်။ အလားတူကားမျိုးကို အလိုမရှိပါ။ သူတို့၏ အားထုတ်မှုကို အချို့ က ငွေနှင့်အချိန်ကို အလဟသဖြုန်းတီးခြင်း ဟု ဆိုကြမည်။ သို့သော် ကား(သို့) ပစ္စည်း တစ်စုံတစ်ခု၏ တန်ဖိုးသည် ၄င်းကို ရှုမြင်သူ၏ အမြင်ပေါ်၌သာ မူတည်သည်။ လူမှုအသိုင်းအ၀ိုင်းက ပစ်ပယ်ထားသောလူများက ယေရှုရှင်၏စကားကို လာရောက် ကြားနာခံယူကြကြောင်း လုကာ ၁၅ ၌ ဖော်ပြထားသည်။ သို့သော် ဘာသာရေးခေါင်းဆောင် အချို့ က “ဤသူသည် ဆိုးသောသူတို့ကို လက်ခံ၍ သူတို့နှင့်အတူ စားပါသည်တကား” ဟု ကဲ့ရဲ့ ပြစ်တင်ကြသည် (း၂)။ ဘုရားသခင်အတွက် “ဤလူဆိုး အပြစ်သားများ” အဘယ်မျှလောက် အဖိုးထိုက်သည်ကို သိအောင် ယေရှုက ပျောက်သောသိုး (း၎-၇)၊ ပျောက်သောဒင်္ဂါး (း၈-၁၀)၊ ပျောက်သောသား (း၁၁-၃၂) စသော မှတ်သားလောက်သည့် ဇာတ်လမ်းသုံးပုဒ်ကို ပြောကြားခဲ့သည်။ ပုံအဖြစ်အပျက်တိုင်းက မိမိပစ္စည်း ပျောက်ဆုံးသွား၍ သောကရောက်ရခြင်း၊ ကြိုးစားပမ်းစား လိုက်ရှာခြင်း၊ အလွန်တန်ဖိုးထားသော အရာကို ပြန်လည်တွေ့ရှိသော် အလွန်ဝမ်းမြောက်ခြင်း စသည်တို့ကို မှတ်တမ်းတင်ထားသည်။ ပုံပြင်တိုင်း၌ ဘုရားသခင်ကို ပျောက်ဆုံးဝိညာဉ်ကို ရှာတွေ့ ၍ ၀မ်းမြောက်သူ၊ ချစ်ဖွယ်သော ဖခင်ကြီးအဖြစ် သရုပ်ဖော်ထားသည်။ ဘုရားရှင်နှင့် ဝေးကွာသည်ဟု ခံစားနေရသည့်တိုင် ကိုယ်တော်က သင့်ကို လွန်စွာမှ တန်ဖိုးထားပါသည်။ သင့်ကို ရှာဖွေနေပါသည်။ - David McCasland
တစ်ချိန်က ပျောက်ဆုံးနေလည်း ယခုကယ်တင်ခံရပြီ။
ဘုရားရှင်အား ချီးမွမ်းပါ၏။ ကျွန်ုပ်အတွက် ခရစ်တော် အသေခံပေး၏။ ကျွန်ုပ်ကို တန်ဘိုးထား၍ ၀ိညာဉ်အား ကယ်တင်ပြီး အပြစ်မှလွတ်စေ၏။ - Sper ------------------------------ ပြန်လည်တွေ့ ရှိ ကယ်တင်ခံရသူများသည် ပျောက်ဆုံး ဆုံးရှုံးနေသူများအား ရှာဖွေသင့်သည်။
|
|