READ: 2 Timothy 4:9-18
|
နေ့စဉ်ခွန်အား |
|
|||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
|
အောက်တိုဘာလ (၃၀)ရက်၊ သောကြာနေ့
ရပ်စောင့်ပေးသူဖြစ်စေပါ ဖတ်ရန်၊ ၂ တိ ၄း၉-၁၈ အဆွေခင်ပွန်းသည် အခါခပ်သိမ်း ချစ်တတ်၏။ ညီအစ်ကိုသည် ဒုက္ခကာလအဘို့ မွေးဘွားလျက်ရှိ၏။ သု ၁၇း၁၇ သမ္မာကျမ်းစာတစ်နှစ်တာ။ ယေ ၂၀-၂၁၊ ၂ တိ ၄ အနောက်တိုင်းဝတ္ထုရေးဆရာ Stephen Bly က အမေရိက အနောက်ပိုင်းဒေသတွင် ရှေးယခင်အချိန်က မိတ်ဆွေ (နှင့်မြင်း) နှစ်မျိုးနှစ်စားရှိကြောင်း၊ တစ်မျိုးက အပြေးသမား (runner) ဖြစ်ပြီး၊ ကျန်တစ်မျိုးမှာ ရပ်စောင့်ပေးသူ (stander) ဖြစ်သည်ဟု ရေးသားခဲ့သည်။ ပြဿနာဖြစ်မည့် အရိပ်အယောင် ပေါ်လာလျှင် ဘာအန္တရာယ်ဘဲ ကြုံရကြုံရ အပြေးသမားက တစ်ချိုးတည်း ပြေးတော့သည်။ သို့သော် ရပ်စောင့်ပေးသူမှာမူ မည်သည့်အခြေအနေမျိုး၌ မဆို အမြဲရှိသည်။ အခက်မကြုံရမချင်း မည်သို့သော မိတ်ဆွေမျိုး ရရှိထားသည်ကို မသိနိုင်ခြင်းက ၀မ်းနည်းစရာပါ။ ထို့ကြောင့် ဒုက္ခကြုံမှ မိမိ၏ မိတ်ဆွေသည် ရပ်စောင့်ပေးသူ မဟုတ်ကြောင်း သိရလျှင် အချိန်နှောင်းလေပြီ။ မိမိ၌ မည်သို့သော မိတ်ဆွေမျိုးရှိသည် ဆိုသည့်အရေးထက် မိမိသည် မည်သို့သော မိတ်ဆွေမျိုးဖြစ်သည်ကို ဆင်ခြင်သင့်လှပါသည်။ ရှင်ပေါလု၏ သာသနာခရီး နောက်ဆုံးအချိန်၊ သေရမည့်အချိန်ကို စောင့်စားနေရချိန်၌ သူနှင့်အတူ သာသနာပြုခဲ့သူအချို့ မှာ အပြေးသမားများဖြစ်ကာ သေဒဏ် စီရင်ခံရမည့်သူု့ကို ထားရစ်သွားကြသည်။ သူ၏နောက်ဆုံးစာ၌ သူ့အား ချန်ရစ်ခဲ့သူ ဒေမဟု ရေးသားခဲ့ပြီး “လုကာတစ်ယောက်တည်းသာ ငါ့ထံမှာရှိ၏” ဟု ရိုးသားစွာ ဆိုခဲ့သည် (၂ တိ ၄း၁၁)။ လုကာမှာ ရပ်စောင့်ပေးသူ ဖြစ်ပါသည်။ သူ့အား ချန်ရစ်သူများကြောင့် စိတ်ပျက် အားငယ်ရချိန်တွင် သူတစ်ဦးတည်း အထီးကျန်မဟုတ်သည့်အတွက် ပေါလုမှာ လွန်စွာ စိတ်သက်သာ နှစ်သိမ့်မှု ခံစားရမည်ဖြစ်သည်။ သုတ္တံကျမ်းက “အဆွေခင်ပွန်းသည် အခါခပ်သိမ်းချစ်တတ်၏” (၁၇း၁၇) ဟု ပြောထားပါသည်။ အခက်ကြုံရချိန်တွင် အမှီပြု အားထား၍ရသော မိတ်ဆွေမျိုး လိုအပ်ပါသည်။ အသိမိတ်ဆွေတို့ ပြဿနာကြုံချိန်၌ ကျွန်ုပ်တို့လည်း မည်သို့သော မိတ်ဆွေမျိုးဖြစ်မည်နည်း။ အပြေးသမားလော၊ ရပ်စောင့် ပေးသူလော။ - Bill Crowder
မိတ်ဆွေများ အကူအညီလိုချိန်တွင် လစ်ပြေးသည့်မိတ်ဆွေမျိုး မဖြစ်စေဘဲ
သူတို့နှင့် ရပ်တည်ပေးနိုင်ရန် သတ္တိကို ပေးသနားပါ။ မည်သို့ နှစ်သိမ့်ရမည်ကို ဥာဏ်ပေးသနားပါ။ သူတို့အား အစေခံနိုင်သည့် အစွမ်းပေးသနားပါ ချစ်သခင်။ အာမင် ------------------------------ မိတ်ဆွေစစ်သည် စစ်ကြောမှုခံရချိန်တွင် ကျွန်ုပ်တို့နှင့်အတူ ရပ်တည်ပေး၏
|
|