နေ့စဉ်ခွန်အား
 

Burmese Bible       Burglish Version - Test Page     ODB Sep~Nov

<

NOVEMBER  2009

>

S M T W T F S   S M T W T F S
1 2 3 4 5 6 3   21 22 23 24 25 26 27
7 8 9 10 11 12 13   28 29 30        
14 15 16 17 18 19 20                
နိုဝင်ဘာလ(၇)ရက်၊ စနေနေ့
အဘယ်သို့သိနိုင်အံ့နည်း    ဖတ်ရန်၊ ၁ သက် ၄း၁-၁၂

ရွေးနှုတ်ခြင်းနေ့ရက်တိုင်အောင် သင်တို့ကို တံဆိပ်ခတ်တော်မူသော ဘုရားသခင်၏ သန့်ရှင်းသော ၀ိညာဉ်တော်ကို စိတ်မနာစေကြနှင့်။ ဧ ၄း၃၀


သမ္မာကျမ်းစာတစ်နှစ်တာ။  ယေ ၄၀-၄၂၊ ဟေဗြဲ ၎

ဖွားမြင်တော်မူခြင်း နိပါတ်တော်ကို ခန်းနားကြီးကျယ်စွာ တင်ဆက်ရန် အထက်တန်းကျောင်းမှ ဂီတပညာသင်တန်းသားများက အင်တိုက်အားတိုက် ပြင်ဆင်လေ့ကျင့်နေကြပြီ။ နောက်ဆုံး ၀တ်စုံပြည့် အစမ်းလေ့ကျင့်ခြင်းကို မပျက်မကွက် တက်ရောက်ပါဝင်ရန် ကျောင်းသားနှင့် မိဘများအား နေ့ရက် အချိန်ဇယားနှင့်တကွ အသေးစိတ် ရှင်းပြဖိတ်ကြားပြီးဖြစ်သည်။
သို့သော် ထိုနေ့ရောက်သောအခါ မိခင်တစ်ယောက်က အထိတ်တလန့်ဆက်သွယ်ကာ သူ့ကလေးကို မည်သည့်အချိန်တွင် စေလွှတ်ရမည်နည်းဟု မေးမြန်းသည်။ နောက်မိခင်တစ်ဦးကမူ “ကျွန်မရဲ့သားကို သူ့အဖွားဆီ ခေါ်သွားမလို့ တော်မီ လေ့ကျင့်ပွဲမတက်ရင်လည်း ဖြစ်တယ်မဟုတ်လား” ဟု မေးလာပြန်သည်။ ဆရာမကြီးက မတက်လျှင် မဖြစ်ကြောင်းနှင့် အစီအစဉ်စတင်နေပြီဖြစ်ကြောင်း ပြန်ဖြေလိုက်သည်။ တစ်ဖက်က တော်မီအမေက “အဲဒါ ကျွန်မဘယ်လိုသိမှာလဲ။ ကျွန်မကို ဘယ်သူကမှ လာမပြောဘူး” ဟု ဆင်ခြေပေးလိုက်သည်။
ရှင်းရှင်းလင်းလင်း အသိပေးပြီးပါလျက်နှင့် သူ၏စည်းကမ်းများကို အလေးဂရုမပြုခြင်းကြောင့် ဆရာမကြီးမှာ စိတ်အနှောက်အယှက် ဖြစ်သွားခဲ့ရသည်။ အလားတူ ရှင်းလင်းပြတ်သားစွာ ပေးထားသော သွန်သင်ဆုံးမချက်များကို ကျွန်ုပ်တို့က ဥပေက္ခာပြုလျှင် ဘုရားသခင် စိတ်ခုမည်မဟုတ်ပါလား။ သက်သာလောနိတ်သြ၀ါဒစာ ပထမစောင်တွင် “ညီအစ်ကိုတို့၊ သင်တို့သည် အဘယ်သို့ကျင့်ရမည်၊ ဘုရားသခင်ကို အဘယ်သို့ နှစ်သက်စေရမည်” ကို နည်းပေး သွန်သင်ပြီးဖြစ်ကြောင်း (၁ သက် ၄း၁-၂)၊ ထိုသွန်သင်ချက်များ၌ “သခင်ယေရှု၏ အခွင့် (အာဏာ)တော်” ပါရှိကြောင်း ရှင်ပေါလုက သတိပေး သွန်သင်သည်။ သွန်သင်ချက်များကို လစ်လျူရှုပြီး မိမိစိတ်အလိုကျ အသက်ရှင်လျှင် ဘုရားရှင် ၀မ်းနည်းပြီး သန့်ရှင်းသောဝိညာဉ်တော် စိတ်နာကျင် ရကြောင်းကိုလည်း ရှင်းပြထားသည် (ဧ ၄း၃၀-၅း၂)
ဘုရားသခင်၏ တရားတော်နှင့် သြ၀ါဒများကို အကြောင်းမပြ ခြွင်းချက်မထားဘဲ ဖတ်ရှုလိုက်နာကြပါစို့။ - Dave Branon
 
ကျွန်ုပ်တို့၏ ကောင်းကျိုးချမ်းသာအတွက် ပေးအပ်ထားသော နှုတ်ကပတ်တော်ကို
အမြဲအစဉ် တစ်သဝေမတိမ်း လိုက်နာကျင့်ကြံနေရမည်။
မိမိနှစ်သက်ရာအချက်ကိုသာ ရွေး၍ ကြိုက်သလို အသက်ရှင်ရန်မဟုတ်။  - Hess
-----------------------------------------------------------------------------------
ဘုရားကို မျက်ကွယ်ပြု၊ ဂရုမစိုက်ဘဲ နေစရာ ဘာအကြောင်းပြချက်မှ မရှိပါ။