နေ့စဉ်ခွန်အား
 

Burmese Bible       Burglish Version - Test Page     ODB Sep~Nov

<

NOVEMBER  2009

>

S M T W T F S   S M T W T F S
1 2 3 4 5 6 3   21 22 23 24 25 26 27
7 8 9 10 11 12 13   28 29 30        
14 15 16 17 18 19 20                

နိုဝင်ဘာလ (၁၆)ရက်၊ တနင်္လာလနေ့
မိမိကိုယ်ကို ဖူလုံသည်ဟု မှတ်ယူခြင်း ဖတ်ရန်၊ ဗျာ ၃း၁၄-၂၂

သင်သည်အဧမဟုတ်၊ အပူမဟုတ်သည်ကို ငါသိ၏။ ဧခြင်းဖြစ်စေ၊ ပူခြင်းဖြစ်စေ တစ်ခုခုကို ငါအလိုရှိ၏။ ဗျာ ၃း၁၅

သမ္မာကျမ်းစာတစ်နှစ်တာ။ ယေဇ ၃-၄၊ ဟေဗြဲ ၁၁း၂၀-၄၀

လောဒိကိမြို့တော်၌ ရေပြဿနာရှိသည်။ မြို့တော်အနီးရှိ မြို့ငယ်တစ်မြို့တွင် ရေပူစမ်းရှိပြီး အခြားမြို့တစ်မြို့တွင်မူ ကြည်လင်အေးမြသော ရေထွက်သည်။ သို့သော် လောဒိကိမြို့တော်၌မူ ရေက ဆာလဖာအနံ့ရှိပြီး သတ္ထုဓါတ်လွန်ကဲကာ အနည်းငယ်ပူနွေးသည်။ ပူလည်းမပူ၊ အေးလည်းမအေး၊ ကိုးယို့ကားယား နိုင်လှသည်။
ထိုအချက်အလက်များအရ ဗျာဒိတ်ကျမ်း ၃ ပါ လောဒိကိမြို့မှ ယုံကြည်သူတို့ကို ပြောကြားသော သခင်ယေရှု၏ စကားများက သူတို့ကို နာကျင်ထိခိုက် စေခဲ့သည်။ အပူမဟုတ် အအေးမဟုတ်ခြင်းကြောင့် (း၁၅) သခင်ယေရှု သူတို့ကို အပြစ်တင်ခဲ့သည်။ သူတို့ရေသောက်လိုက်တိုင်း ပျို့ တက်လာသကဲ့သို့ သခင်ယေရှုကလည်း သူတို့အကြောင်းတွေးလိုက်တိုင်း အန်ချင်လာသည်။ သူတို့ကို ခံတွင်းမှ ထွေးပစ်လိုသည် (း၁၆)။
အဘယ်ကြောင့်နည်း။ သူတို့ဘာဖြစ်နေသနည်း။ သူတို့၌ မိမိကိုယ်ကို ဖူလုံသည်၊ ဘာမျှမလိုဟု ခံယူလျှက် မိမိကိုယ်ကို အထင်ကြီးသောအပြစ်ရှိခြင်းပါ။ လောဒိကိမြို့သားတို့သည် ကြွယ်ဝချမ်းသာလာကြသည်တွင် သခင်ယေရှုကို သူတို့အလွန် လိုအပ်ကြောင်းကိုပင် မေ့လျော့သွားကြသည် (း၁၇)။
မိမိတို့လိုအပ်သမျှ မိမိ၌ရှိသည်ဟုထင်ပြီး၊ ရှိသမျှသောအရာ၏ ထိပ်ဆုံးတွင် သခင်ယေရှု ရှိမနေ၍ သခင်အလွန် စိတ်အနှောင့်အယှက်ဖြစ်ရသည်။ သခင်ကိုမရယူ၊ မလိုအပ် မိမိဖာသာ ဖူလုံပြီးသားဟူသော စိတ်ထားက သခင်တစ်ပါးတည်းသာ ပေးနိုင်သော၊ ကျွန်ုပ်တို့ အမှန်တကယ်လိုအပ်သော အရာများနှင့် လွဲဖယ်သွားစေလိမ့်မည်။ အကျင့်စရိုက် ဂုဏ်သိက္ခာထက် ငွေကြေးကို သင်တန်ဖိုးထားလျှင်၊ အကြွေးဝယ်ကဒ်၌ ငွေများစွာရှိပြီး သင်၏ သမာဓိဖြောင့်မတ် တည်ကြည်မှုက သုညဖြစ်နေလျှင်၊ သင်၌ ဥာဏ်ရှိသော်လည်း အမြော်အမြင် ချင့်ချိန်နိုင်စွမ်းမရှိလျှင် မှားနေပြီ။ သခင်ယေရှုက ပို၍ သာ၍ ကောင်းမွန်သော အရာများကို ပေးကမ်းနေပါ၏ (း၁၈)။
သင့်နှလုံးတံခါးကို ကိုယ်တော်ခေါက်နေ၏ (း၂၀)။ သူ့အား ၀င်ခွင့်ပေးလိုက်ပါ။ သင်အမှန်လိုအပ်သမျှကို သခင်ပေးလိမ့်မည်။ - Joe Stowell

အသက်တာလမ်း၌ ဒုစရိုက်မာန၀င်လာပါက သခင့်လက်တော်ကို မမြင်နိုင်ပြီ - Sper
--------------------------
ဘုရားသခင် ထောက်ပံ့နေသရွေ့ ကျွန်ုပ်တို့၌ အမြဲလောက်ငှ ဖူလုံနေမည်။