နေ့စဉ်ခွန်အား
 

Burmese Bible       Burglish Version - Test Page     ODB Sep~Nov

<

NOVEMBER  2009

>

S M T W T F S   S M T W T F S
1 2 3 4 5 6 3   21 22 23 24 25 26 27
7 8 9 10 11 12 13   28 29 30        
14 15 16 17 18 19 20                

ိုနိုဝင်ဘာလ (၂၂)ရက်၊ တနင်္ဂနွေနေ့
လောကကောင်းကင်လား ဖတ်ရန်၊ ဒေ ၂း၁၅-၂၆

အထက်အရာတို့ကိုသာ စိတ်စွဲလန်းခြင်းရှိကြလော့။ မြေကြီးပေါ်မှာ ရှိသောအရာတို့ကို စွဲလန်းသောစိတ် မရှိကြနှင့်။ ကော ၃း၂

သမ္မာကျမ်းစာတစ်နှစ်တာ။ ယေဇ ၁၈-၁၉၊ ယာ ၎

ရင်းနှီးမြှုပ်နှံမှုကြီးမားသော စင်ကာပူကွန်ဒိုအိမ်ယာ ဖွံ့ဖြိုးရေးစီမံကိန်းတစ်ခုမှ ၄င်း၏စီမံကိန်းအသစ်အား “လောက၌ ကောင်းကင်ဘုံကို ပြန်လည်တွေ့ရှိခြင်း” ဟု ကြောငြာခဲ့သည်။ အိမ်ယာက အလွန်အဆင့်မြင့် ဇိမ်ကျလွန်းသဖြင့် ၄င်းတို့ကို ၀ယ်ယူသူသည် ကမ္ဘာပေါ်တွင် နေထိုင်စဉ် ကောင်းကင်ဘုံမှာ နေထိုင်သကဲ့သို့ ဖြစ်လိမ့်မည်ဟု ဆိုလိုပုံရသည်။
ဒေသနာကျမ်းကို ရေးသားသူ ရှောလမုန်မင်းသည် အလွန်အမင်း ချမ်းသာကြွယ်ဝသူတစ်ဦးဖြစ်သည် (ဒေ ၁း၁၂)။ သူသည် လောကမြေ၌ ကောင်ကင်ဘုံကို ကြိုးစားရှာဖွေခဲ့ပြီး ဆန္ဒရှိသရွေ့ နည်းအမျိုးမျိုးဖြင့် ဇိမ်ကျကျနေနိုင်ခဲ့သူဖြစ်သည်။ သို့သော်လည်း သူကျေနပ်မှုမရခဲ့ပါ။ သို့ဖြစ်၍ ဘ၀အသက်တာနှင့် စပ်လျဉ်း၍ အထင်နှင့်အမြင်လွဲခဲ့ပြီး ၄င်းကို စကားတစ်လုံးတည်းဖြင့် “အနတ္တ (သို့) အဓိပ္ပါယ်မဲ့သည်” ဟု ဖော်ပြခဲ့သည်။ ဒေသနာကျမ်း အခန်းကြီး ၂ တစ်ခုတည်း၌ ထိုစကားလုံးကို ရှစ်ကြိမ် ထပ်တလဲလဲပြောထားသည်။ “နေရောင်အောက်ရှိ” (၂း၁၈) အသက်တာကို ကြည့်ပြီး ရင်၌ ဟင်းလင်းပြင်ဖြစ်လျက် မကြေနပ်မှုကို သူခံစားရသည်။ သူ၏ ကြိုးစားအားထုတ်မှု အားလုံးသည် အချီးနှီးသက်သက်ဖြစ်သည်။ သူ၏ပိုင်ဆိုမှုများကို လက်လွှတ်ပြီး တစ်စုံတစ်ယောက်အတွက် ချန်ခဲ့ရမည့်အချိန် တစ်နေ့ရောက်လာလိမ့်မည်။
သင်သည် ခရစ်ယာန်တစ်ယောက်ဖြစ်ပါက သခင်ခရစ်တော် သွားရောက်ပြင်ဆက်လျက်ရှိသော ကိုယ်တော် ကတိပေးထားသည့် ကောင်းကင် အိမ်တော်ကို မျှော်ကြည့်နိုင်ပါသည်။ ဘုရားသခင် ပေးသနားသော အရာများအတွက် ၀မ်းမြောက်လျက် ရှိသူများအား ရှင်ပေါလုက “အထက်အရာတို့ကိုသာ စိတ်စွဲလန်းခြင်း ရှိကြလော့။ မြေကြီးပေါ်မှာ ရှိသောအရာတို့ကို စွဲလန်းသောစိတ် မရှိကြနှင့်” (ကော ၃း၂) ဟု တိုက်တွန်း အားပေးခြင်းဖြစ်သည်။ လောကကြီးတွင် ကောင်းကင်ဘုံကို တွေ့ရှိရန် မကြိုးစားပါနှင့်။ သင်ဘယ်တော့မှ တွေ့မည်မဟုတ်ပါ။ - C. P. Hia

လောက၏ ၀မ်းမြောက်စရာ၊ မြေကြီးအရာများကို ပေါ့ပါးလျော့ရဲစွာ ဆုပ်ကိုင်ပါ။
ခရစ်တော်စိုးစံ ကောင်းကင်မှာ ထာဝရစုံလင်ခြင်းကိုမူ မြဲစွာကိုင်ပါ။ - Bosch
--------------------------
ကောင်းကင်အရာ၌ မိမိစိတ်နှလုံးကို စွဲမြဲစေသူတို့သည်
လောကအရာများကို လျော့ရဲစွာကိုင်ထားကြသည်။