နေ့စဉ်ခွန်အား
 

Burmese Bible       Burglish Version - Test Page     ODB Sep~Nov

<

NOVEMBER  2009

>

S M T W T F S   S M T W T F S
1 2 3 4 5 6 3   21 22 23 24 25 26 27
7 8 9 10 11 12 13   28 29 30        
14 15 16 17 18 19 20                

ိုနိုဝင်ဘာလ (၂၅)ရက်၊ ဗုဒ္ဓဟူးနေ့
ခရီးပေါက်ခဲ့သည် ဖတ်ရန်၊ ၁ သက် ၁

သင်တို့ထံက သခင်ဘုရား၏ နှုတ်ကပတ်တရားတော်အသံသည် ... အရပ်ရပ်တို့၌ နှံ့ပြားလေ၏။ ၁ သက် ၁း၈

သမ္မာကျမ်းစာတစ်နှစ်တာ။ ယေဇ ၂၄-၂၆၊ ၁ ပေ ၂

Francis Asbury သည် တစ်နှစ်လျှင် မိုင်ခြောက်ထောင်ခရီးကို မြင်းစီးလျက် နှစ်ပေါင်းငါးဆယ်နီးပါး သွားခဲ့သည်။ ကျန်းမာရေးမကောင်းသော်လည်း မမောနိုင် မပန်းနိုင် မဆုံးနိုင်သော ခရီးစဉ်တစ်လျှောက် မာဆတ်ဆတ် သမင်သားကိုစားလျက် အာဟာရဖြည့်ခဲ့သည်။ Asbury အား မက်သဒစ်သာသနာကို ထွန်းပြောင်စေသူ၊ မြင်းဖြင့်လှည့်လည်လျက် တရားဟောသူ၊ အမေရိကန်နယ်သစ်ဒေသများတွင် ခရစ်တော် အတွက် ထိရောက်စွာ သာသနာပြုနည်းကို ပြသပေးသူအဖြစ် အသိအမှတ်ပြု သတိရကြသည်။ အဓိကအားဖြင့် သူ၏ကြိုးပမ်းမှုမှာ ဝေးလံသောဒေသများတွင် အသင်းတော်သစ် ပြုစုတည်ထောင်ရန် ဖြစ်သည်။
Asbury ၏ သာသနာလုပ်ငန်းအဆုံးတွင် ခရီးသွားသာသနာပြု တရားဟောဆရာ ၇၀၀ ကျော်ကို ခန့်အပ်စည်းရုံးနိုင်ခဲ့သည်။ ၁၇၇၁ ခုနှစ်တွင် ကိုလိုနီဒေသများသို့ Asbury ရောက်စဉ်က အမေရိကတွင် မက်သဒစ်ဘာသာဝင် ခြောက်ရာကျော်သာ ရှိခဲ့သည်။ ၄၅ နှစ်ကြာပြီးနောက်တွင် မက်သဒစ်ဘာသာဝင် နှစ်သိန်းပင် ရှိလာခဲ့သည်။
Asbury ၏ အသင်းတော်များကို ပြုစုပျိုးထောင်သည့် ဗျူဟာက တမန်တော်ရှင်ပေါလု၏ နည်းဗျူဟာကို ရှုထောင့်မျိုးစုံမှ ရောင်ပြန်ဟပ်သည်။ သက်သာလောနိတ်ရှိ သူပြုစုပျိုးထောင်ခဲ့သော အသင်းတော်သို့ ရှင်ပေါလုက ``အဘယ်သို့နည်း ဟူမူကား သင်တို့ထံက ဘုရားသခင်၏ နှုတ်ကပတ်တရားတော်အသံသည် မာကေဒေါနိပြည်၊ အခါယပြည်၌ ကျော်ဇောသည်သာမက၊ ဘုရားသခင်ကို သင်တို့ယုံကြည်ခြင်း၏ သတင်းသည် အရပ်ရပ်တို့၌ နှံ့ပြားလေ၏´´ (၁ သက် ၁း၈၊ တ ၁၇း၁-၁၀) ဟု ရေးသားခဲ့သည်။
မြင်းစီးလှည့်လည်လျက် သာသနာပြု တရားဟောသည့်ခေတ် ကုန်ခဲ့ပါပြီ။ သို့သော် ကျွန်ုပ်တို့ တစ်ဦးစီတွင် သူငယ်ချင်း၊ ဆွေမျိုးများ၊ အိမ်နီးချင်းများ စသည်ဖြင့် သာသနာပြုရမည့် နယ်သစ်များရှိသည်။ သတင်းကောင်းကို ယနေ့မည်သူ ကြားအပ်သနည်း။ သင်စဉ်းစားမိသူ တစ်ဦးဦးရှိပါသလား။ - Dennis Fisher

ကျွန်ုပ်နှလုံး၌ ၀ိညာဉ်အချို့အတွက် ၀န်တာရှိရန်မစပါ။ ကျွန်ုပ်အားဖြင့် ထိုဝိညာဉ်ကို မေတ္တာပြပါ။
ထိုဝိညာဉ်သည် သခင့်အတွက်ဖြစ်အောင် ကျွန်ုပ်တာဝန်ကျေပါစေသား။ - Tucker
---------------------------
ခရစ်တော်ကို ချစ်သောသူများသည် ၀ိညာဉ်ပျောက်ဆုံးနေသူများအပေါ် မေတ္တာထားသည်။