နေ့စဉ်ခွန်အား
 

Burmese Bible       Burglish Version - Test Page     ODB Sep~Nov

<

NOVEMBER  2009

>

S M T W T F S   S M T W T F S
1 2 3 4 5 6 3   21 22 23 24 25 26 27
7 8 9 10 11 12 13   28 29 30        
14 15 16 17 18 19 20                

ိုနိုဝင်ဘာလ (၂၈)ရက်၊ စနေနေ့
အညစ်အကြေးကို စွန့်ပစ်ခြင်း ဖတ်ရန်၊ သု ၂၆း၂၀-၂၈

ထင်းမရှိလျှင် မီးသေတတ်သကဲ့သို့ ကုန်းတိုက်သောသူမရှိလျှင် ရန်ငြိမ်းတတ်သည်။ သု ၂၆း၂၀

သမ္မာကျမ်းစာတစ်နှစ်တာ။ ယေဇ ၃၃-၃၄၊ ၁ ပေ ၅


ခရစ်ယာန်စက်မှုလုပ်ငန်းရှင်နှင့် တီထွင်သူ R. G. Le Toumeau သည် သူတီထွင်သည့် မြေတူးစက်ကြီးများကြောင့် ထင်ရှားကျော်ဇောသည်။ သူတီထွင်သည့် စက်ပစ္စည်းတစ်ခုကို ``မော်ဒယ်ဂျီ´´ ဟု အမည်ပေးထားသည်။ ပစ္စည်းဝယ်မည့်သူ တစ်ဦးက အရောင်းစာရေးကို စမ်းသပ်သောသဘောနှင့် ``ဂျီ´´ က ဘာအဓိပ္ပါယ်လဲဟု မေးသည်။

အရောင်းသမားက သွက်လက်ချက်ချာစွာဖြင့် ````G´´က ``gossip´´ အတင်းအဖျင်းဆိုတဲ့ အဓိပ္ပါယ်ဖြစ်လိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အတင်းအဖျင်းလိုဘဲ ဒီစက်က အညစ်အကြေးတွေကို များများနဲ့ မြန်မြန် (သယ်ဆောင်) ဖယ်ရှားပေးတယ်´´ ဟု ဖြေလိုက်သည်။
သုတ္တံကျမ်း၌ အတင်းအဖျင်းနှင့်ပတ်သက်၍ အဆိုအမိန့်များစွာရှိသည်။ အတင်းအဖျင်း ပြောသောသူသည် မယုံကြည်အပ်သောသူများ ဖြစ်ပြီး (သု ၁၁း၁၃) ရှောင်ရှားသင့်သည် (သု ၂၀း၁၉)။ အတင်းအဖျင်းသည် အရင်းနှီးဆုံး သူငယ်ချင်းများကို ကွဲပြားစေသည်။ (သု ၁၆း၂၈)။ ပဋိပက္ခခိုက်ရန်ဖြစ်ပွားမှုကို ပိုဆိုးစေသည် (သု ၁၈း၈)။ အငြင်းပွားမှုများကို ပိုဆိုးစေပြီး နာကျင်စေသည်။ နားလည်မှုလွဲစေသည် (သု ၂၆း၂၁-၂၂)။
ဟေဗြဲစကား ``အတင်းအဖျင်း´´ နှင့် ``ကုန်းစကား´´ သည် စင်စစ် ``ဖျက်ဆီးစေသောအရာကို တီးတိုးပြောခြင်း´´ ဟု အဓိပ္ပါယ်ရသည်။ ကျွန်ုပ်တို့သည် ပျစ်ပျစ်နှစ်နှစ် အတင်းအဖျင်းကို တီးတိုးမှတ်ချက် ပေးကာ ဟိုဟိုဒီဒီပြောခြင်းက ကိစ္စမရှိ၊ အန္တရာယ်မရှိဟု မိုက်မဲစွာ ယူဆကြသည်။ သို့သော် အတင်းအဖျင်းက ကြီးမားသော ထိခိုက်နစ်နာ ပျက်ဆီးမှုကို ဖြစ်စေသည်။ အတင်းအဖျင်းကြောင့် ထိခိုက်နစ်နာမှု မရှိနိုင်ဟု မဆိုသာပါ။ တစ်စုံတစ်ယောက်က အမြဲတမ်းနာကျင်ရသည်။ သို့ဖြစ်၍ ပညာရှိသူများအတွက် စကားတစ်ခွန်း ပါးပါမည်။ ``ထင်းမရှိလျှင် မီးသေတတ်သကဲ့သို့ ကုန်းတိုက်သောသူမရှိလျှင် ရန်ငြိမ်းတတ်၏´´ (သု ၂၆း၂)။ လက်ဆင့်ကမ်း ပြန့်သွားနေသည့် အတင်းအဖျင်းကို စွန့်ပစ်လိုက်ပါ။ အတင်းအဖျင်း ဆက်မဖြန့်ဘဲ အတင်းအဖျင်းကင်းသော ပေါင်းသင်းဆက်ဆံရေးဖြင့် ပျော်ရွှင်မှုကို ခံစားပါ။ - Joe Stowell

အခြားသူတို့၏ စကားတိုင်းကို ပြန်ပြောစရာမလိုပါ နှုတ်ကို ချုပ်လျက် စောင့်ထိန်းနိုင်ရန် မစပါဘုရား။ - Branon
---------------------
အတင်းအဖျင်းကို လျစ်လျူရှုခြင်းအားဖြင့် ဖျက်ဆီးပါ။