နေ့စဉ်ခွန်အား
 

Burmese Bible       Burglish Version - Test Page     ODB Sep~Nov

<

NOVEMBER  2009

>

S M T W T F S   S M T W T F S
1 2 3 4 5 6 3   21 22 23 24 25 26 27
7 8 9 10 11 12 13   28 29 30        
14 15 16 17 18 19 20                

ိုနိုဝင်ဘာလ (၂၉)ရက်၊ တနင်္ဂနွေနေ့
ဂလာတိအသင်းတော် ဖတ်ရန်၊ ဂလာ ၃း၁-၁၂

ဤမျှလောက်ပညာမဲ့ကြသလော။ ၀ိညာဉ်တော်ကို အမှီပြု၍ လုပ်စရှိပြီးမှ ဇာတိကို အမှီပြု၍ ပြီးစေကြသလော။ ဂလာ ၃း၃

သမ္မာကျမ်းစာတစ်နှစ်တာ။ ယေဇ ၃၅-၃၆၊ ၂ ပေ ၁

ကျွန်ုပ်သည် ကျေးလက်နယ်ဘက်သို့ ခရီးသွားစဉ် ဘုရားကျောင်းတစ်ခုကို လှမ်းမြင်ပြီး ထိုအသင်းတော်၏ အမည်ကို ``ဂလာတိ ဘုရားရှိခိုးကျောင်း´´ ဟု ဆိုင်းဘုတ်တင်ထားသဖြင့် ကျွန်ုပ် အံ့အားသင့်သွားသည်။ ထိုနာမည်ကို အကြောင်းမရှိဘဲ မှည့်ခေါ်မည်မဟုတ်ပါ။ ထို့ကြောင့် ထိုအမည်က ကျွန်ုပ်၏အာရုံကို ဖမ်းစားခဲ့သည်။
ဂလာတိသြ၀ါဒစာ လေ့လာချက်တစ်ခုတွင် ၄င်းသြ၀ါဒစာသည် လူများအား ပညတ်တရားကို လိုက်စားခြင်း၊ မိမိအားထုတ်သော အကျင့်အကြံများ၌ အမှီပြုခြင်း၊ ဘုရားသခင်၏ ကျေးဇူးတော်ကို အခြားသော ဧ၀ံဂေလိတရားနှင့် ဖလှယ်ခြင်းတို့ကြောင့် ပေါလုက အပြင်းထန်ဆုံး အပြစ်တင် ဝေဖန်ထားသောစာ ဖြစ်သည်။ ဂလာတိအသင်းတော်သည် စံနမူနာယူ လိုက်လျှောက်သင့်သော အသင်းတော်မျိုး မဟုတ်သည်မှာ အသေအချာပင်ဖြစ်သည်။
အမှန်ပင် ဂလာတိမြို့သားတို့သည် ဘုရားသခင်ကို အမှီပြု အားကိုးရမည့်အစား သူတို့၏ ကြိုးစားအားထုတ်မှုဖြင့် ဘုရားသခင် နှစ်သက်အောင် လုပ်ဆောင်နေကြသည်။ ထို့ကြောင့် ပေါလုက ``ဤမျှလောက် ပညာမဲ့ကြသလော။ ၀ိညာဉ်တော်ကို အမှီပြု၍ လုပ်စရှိပြီးမှ ဇာတိကို အမှီပြု၍ ပြီးစေကြသလော´´ (ဂလာတိ ၃း၃) ဟူ၍ အပြစ်တင်ခြင်းဖြစ်သည်။
မိမိတို့၏ ကျင့်ကြံအားထုတ်မှုဖြင့် ဘုရားသခင်နှင့် ထိတွေ့ဆက်ဆံခွင့် မရရှိနိုင်သကဲ့သို့ မိမိ၏ခွန်အား အစွမ်းဖြင့် ၀ိညာဉ်ရေးတိုးတက်မှုကို မရနိုင်ပါ။ ကျွန်ုပ်တို့၏ အသက်တာတွင် ၀ိညာဉ်တော်၏ လုပ်ဆောင်မှု အားဖြင့် ဘုရားကို အမှီပြုခြင်းသည် ခရစ်တော်နှင့်အတူ လျှောက်လှမ်းရာ၌ အဓိကဖြစ်ကြောင်း ရှင်ပေါလုက ဂလာတိမြို့သားများ (နှင့်ကျွန်ုပ်တို့) ကို တိုက်တွန်းထားပေ၏။
မိမိကိုယ်ပိုင်အားထုတ်မှုဖြင့် ခရစ်တော်ကဲ့သို့ ဖြစ်လာနိုင်သည်ဟု ထင်မှတ်ပါက ကျွန်ုပ်တို့သည်လည်း ဂလာတိမြို့သားများကဲ့သို့ မိုက်မဲသောသူများ ဖြစ်ပေ၏။ - Bill Crowder

ယေရှုရှင်၏ခြေရင်း၌ မိမိအားထုတ် ကျင့်ကြံမှုကိုချလျက်
သခင်၌သာ ရပ်တည်ခြင်းက ဘုန်းအသရေနှင့် ပြီးပြည့်စုံရာပါ။ - Proctor
------------------------------
သန့်ရှင်းသောဝိညာဉ်တော်သည် ခရစ်ယာန်တို့ကို တန်ခိုးအစွမ်းများ ထောက်ပံ့ပေးသည်။