နေ့စဉ်ခွန်အား
 

Burmese Bible       Burglish Version - Test Page     Download

<

March  2010

>

S M T W T F S   S M T W T F S
1 2 3 4 5 6   21 22 23 24 25 26 27
7 8 9 10 11 12 13   28 29 30 31      
14 15 16 17 18 19 20                

မတ်လ (၆)ရက်၊ စနေနေ့
ကောင်းပေသည်


ထိုသို့ ပြုလျှင် အဘယ်သူမျှကြံ၍ မမှီနိုင်သော ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံး တို့ကို စောင့်မလိမ့်မည်။ ဖိလိပ္ပိ ၄း၇

သမ္မာကျမ်းစာတစ်နှစ်တာ။
ဖိလိပ္ပိသြ၀ါဒစာ ၄း ၄-၇

   ငယ်စဉ် အထက်တန်းကျောင်းသားဘ၀က  "ကောင်းပေသည်၊ ၀ိညာဉ်ဘို့" ဓမ္မသီချင်းကို သီဆိုရန် ပြင်ဆင်နေချိန်ဖြစ်ပါသည်။ ဆယ်ကျော်အသက်တစ်ဦးက ရှေ့ထွက်လာပြီး ပြောသည်။ တေးရေးသူ Horatio G. Spafford အချိန်ကာလရဲ့ သမိုင်းကြောင်းဖြစ်သည်။ သူရဲ့ သမီး၎ဦးစလုံး တိမ်းပါး၊ဆုံးရှုံးသွားစဉ်အချိန်၊ တေးရေးသူစီးနေတဲ့ သင်္ဘောဟာ သမီးများနေရာအနီးက ပင်လယ်ထဲမှာရှိနေပါတယ်။

  ဆယ်ကျော်သက်လေးရဲ့ မိတ်ဆက်စကားပြောဆိုတာကို နားထောင်နေချိန်မှာပဲ  ဒီဆယ်ကျော်သက်များရဲ့ သီချင်းဆိုသံကို ဆက်လက်ကြားရတဲ့အချိန်မှာ စိတ်လှုပ်ရှားမှုများ လွမ်းမိုးသွားပါတယ်။ "
သမီး၎ဦးစလုံး တိမ်းပါး၊ဆုံးရှုံးသွားစဉ်" ဆိုတဲ့စကားသံကို  ယုံကြည်ခြင်းအပြည့်ပါတဲ့ သီချင်းနားထောင်းစဉ် အဆက်မပြက်ကြားယောင်မိပါတယ်။ ကိုယ့်အတွက် သမီးတစ်ယောက် တိမ်းပါး၊ ဆုံးရှုံးသွားစဉ် သမီး၎ဦးစလုံး ရှုံးဆုံးတိမ်းပါးသွားသူ့ရဲ့ အခြေအနေ ဘယ်လိုရှိမလဲဆိုတာ နားလည်မိပါတယ်။

   Spafford ရဲ့ ကောင်းပေသည်၊၀ိညာဉ်ဖို့ ဆိုတာ ဒီလိုဆုံးရှုံးကြေကွဲချိန် .. ဟုတ်မှဟုတ်ရဲ့လား စဉ်းစားစရာပါ။ "ငြိမ်သက်ခြင်းမြစ်လို ကျွုနိုပ်ကို လမ်းပြသည်" ဆိုတဲ့အပိုဒ်ဟာ ငြိမ်သက်ခြင်းဘယ်မှာရှိသလဲဆိုတာကို ဖေါ်ပြနေပါတယ်။ ရှင်ပေါလုကပြောပါတယ်။

  
အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်ပဌနာ ပြုသောအားဖြင့်၊ သင်တို့တောင်းပန်လိုသော အရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့။ ထိုသို့ ပြုလျှင် အဘယ်သူမျှကြံ၍ မမှီနိုင်သော ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံး တို့ကို စောင့်မလိမ့်မည်။  - ဖိလိပ္ပိ ၄း ၆-၇

  ရှင်းပြဖို့ ခက်ခဲလှပါတယ်။ ၀ိညာဉ်အားဖြင့်သာ ရှင်းပြနိုင်ပါမယ်။

   ကောင်းပေသည်၊ ကောင်းပေသည် ... ၀ိညာဉ်ဖို့ ..... - Dave Branon


--------------------------------------------------------------------

ငြိမ်သက်ခြင်းမြစ်လို ကျွန်ုပ်ကို လမ်းပြသည်
ဝမ်းနည်းခြင်း ပင်လယ်လှိုင်းလိမ့်လို
ကိုယ်တော်ကျွန်ုပ်အား သင်သောအရာများသည်
ကောင်းပေသည် .. ကောင်းပေသည် .. ၀ိညာဉ်ဖို့  -- Spafford

သခင်ယေရှုဟာ .. အမှားတစ်ခုမှ မလုပ်ခဲ့ပါဘူး ...