နေ့စဉ်ခွန်အား
 

Burmese Bible       Burglish Version - Test Page     Download

<

March  2010

>

S M T W T F S   S M T W T F S
1 2 3 4 5 6   21 22 23 24 25 26 27
7 8 9 10 11 12 13   28 29 30 31      
14 15 16 17 18 19 20                

မတ်လ (၇)ရက်၊ တနင်္ဂနွေနေ့

ဘုရားရှင်၏ အမှုတော်ထမ်းသူများ

  တန်ခိုးကြီးသော နှုတ်ကပတ်တော်အသံကို နားထောင်လျက်၊ အမိန့်တော်အတိုင်း ဆောင်ရွက်သော ကောင်းကင်တမန်တော်တို့၊ ထာဝရဘုရားကို ကောင်းချီးပေးကြလော့။ ဆာလံ ၁၀၃း၂၀

   ကလေးသူငယ်အချို့နဲ့ စကားပြောရင်း Tobias ဆိုတဲ့
အတွေးခေါ်ကောင်းသူ ၅နှစ်အရွယ်လေးက မေးတယ်။ "သားတို့ဘုရားသခင်က ရုပ်ရှင်ထဲက ဟာကြူလီကြီးလို ခြေထောက်နဲ့ကောင်းကောင်း ကစ်တတ်သလား" ဆိုပဲ။ ဒီတော့ ကျွန်ုပ်တို့ "ဘုရားရှင် နဲ့ ဘုရားရဲ့ လူစွမ်းကောင်းကြီးများ အကြောင်း ပြောဖြစ်ကြပါတယ်။  ၇နှစ်အရွယ် ပိုပြီးအသက်ကြီးတဲ့ ကလေးတစ်ဦးကတော့ "တတ်တာပေါ့ .. ဟာကြူလီ တစ်ထောင်လောက် ကစ်မျိုးနဲ့ ညီတယ်" လို့ပြန်ဖြေလိုက်တယ်။ ဘုရားရှင်ရဲ့ ကောင်းကင်တမန်တွေပါပဲ။

   ကောင်းကင်တမန် အကြောင်းပြောရရင် စိတ်ဝင်စားစရာပါ။ သူတို့မှာ အတောင်ပံတွေရှိတယ်လို့ လူတွေ ယုံကြည်ကြတယ်။ တစ်ချို့များ ဘုရားရှင်နဲ့ တန်းတူသဘောထားပြီး ကောင်းကင်တမန်ထံမှာ ဆုတောင်းကြတယ်။ တစ်ချို့က လူတွေသေရင် ကောင်းကင်တမန်ဖြစ်သွားတယ် ထင်ကြတယ်။  ကျွန်နိုပ်တို့ရဲ့ နှုတ်ကပတ်တော် ကျမ်းစာမှာ ရေးထားချက်တွေကတော့

  ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ကော ၁း၁၅-၁၇

  ကောင်းကင်ဗိုလ်ခြေတို့သည် ကိုယ်တော်ကိုကိုးကွယ်ကြပါ၏။ နေဟမိ ၉း၆၊   ကောင်းကင်တမန် မင်းမိက္ခေလမူကား၊ မောရှေ၏ ကိုယ်ကိုအကြောင်းပြု၍ မာရ်နတ်နှင့် ငြင်းခုံသောအခါ၊  ရှင်ယုဒ ၁း၉၊   ခေရုဗိမ် ၄ရာ၁၉း၁၅ ၊   ကောင်းကင်တမန်သရပ်တို့  ဟေရှာရ ၆း၂

  စေလွှတ်တော်မူသော အစေခံနံဝိညာဉ် ဖြစ်ကြသည်မဟုတ်လော့။ ဟေဗြဲ ၁း၁၃-၁၄ ၊   သွားလေရာရာ၌ သင့်ကိုစောင့်ရှောက်စေခြင်းငှာ၊ ဆာလံ ၉၁း ၉-၁၂ ၊ 

  ယေရှုဟူသော အမည်ဖြင့်မှည့်ရမည်ဟု ကောင်းကင်တမန်ဆို၏။ (မဿဲ ၁း၂၀-၂၁၊ လုကာ ၁း၂၆)

  ကောင်းကင်သားတို့သည် ဝမ်းမြောက်ခြင်းရှိသည်၊ ဘုရားသခင်၏ ကောင်းကင် တမန်တို့သည် နောင်တရသောလူဆိုးတယောက်၌ ဝမ်းမြောက်ခြင်းရှိကြသည်ဟု မိန့်တော်မူ၏။  လုကာ ၁၅း၇၊ ၁၀ ၊


  ဘုရားရှင်သာလျှင် ကိုးကွယ်ထိုက်ပါသည်။ ဒါကြောင့် ကောင်းကင်တမန်များများနဲ့ အတူ ထောမနာသီချင်းများ သီဆိုကြပါစို့  - Anne Cetas


-----------------------------------------------
ကောင်းကင်တမန် ဆိုတာ ဘုရားရဲ့ အထူးအမှုတော်ဆောင်များဖြစ်ပါတယ်