U Tin Maung Tun  [Bio]  [Audio]

 
No Date

Topic

1 15-7-98 ကယ်တင်နိုင်သောဘုရားရှင်
2 2-3-97 ထာဝရအာမခံချက်
3 6-7-97 နှလုံးသားနှင့်တမ်းတခေါ်သံ
4 17-8-97 အသက်တာသစ်
5 30-8-97 သဘာဝသစ်သက်သေ
6 26-10-97 ဘုရားသခင်၏သားသမီးစစ်
7 17-5-98 ကောင်းကင်ဘဏ္ဍာ
8 4-1-98 ဆုတောင်းခြင်း၏ကောင်းကျိုးမင်္ဂလာ
9 1-2-98 ခရစ်တော်နှင့်ထိတွေ့သူများ
10 3-5-98 သေခြင်းမဉ္ဖူမာန်ကို အောင်မြင်သောဘုရား
15 21-12-97 ကျွန်ုပ်တို့နှင့်အတူရှိတော်မူသောဘုရား
16 15-2-98 ဘုရားသဘောတော်နှင့် တုန့်ပြန်ရှင်သန်ခြင်း
17 20-7-97 နှလုံးသားမှန်ကန်ပါစေ
No Date

Topic

18 7-6-98 သမ္မာတရားနှင့်အညီတု့န့်ပြန်အသက်ရှင်ခြင်း
19 8-6-97 ကျေးဇူးတော်သိမှတ်၍ ချစ်တတ်သောစိတ်
20 4-5-97 စကားတော်ကိုနာခံခြင်း
21 28-9-97 စစ်မှန်သောကိုးစားမှု
22 2-11-97 ဧ၀ံဂေလိဟောပြောခြင်းနှင့်ဆုတောင်းပေးခြင်း
23 3-8-97 နိုင်ငံတော်၏အမွေအနှစ်
24 5-7-98 အာဗြာဟံ၏သား
25 2-8-98 ဘုရားရှင်နှင့်ကိုယ်တိုင်ထိတွေ့ခြင်း
26 1-11-98

မြည်းစမ်း၍ခေါ်ကြည့်ပါ

27 20-12-98 ဘုရားရှင်ထံမှ မေတ္တာလက်ဆောင်
28 3-1-99 ဧ၀ံဂေလိတရား၏ သစ္စာနှင့်တန်ခိုးတော်
29 7-2-99 စစ်မှန်သောဘုရားနှင့်စစ်မှန်သောယုံကြည်သူ
30 21-12-99 လူတိုင်းအတွက်ခရစ်စမတ်
31 21-2-99 တမလွန်အာမခံချက်

 

အမှာစာ

  ရန်ကုန်မြို့ ဟေဗြုန်ခရစ်ယာန်လူငယ်များအသင်းတော်၌ တနင်္ဂနွေနေ့များတွင် ကျွန်တော်ဟောကြား ဝေငှသည့်တရား ဒေသနာတော်များကို၊ မူလအစက ကက်ဆက်တိတ်ခွေနှင့်အသံဖမ်းယူထားပြီး၊ လိုအပ်သူများအား ပြန်လည်ကူးယူစေခြင်းဖြင့် ဓမ္မဒါနပြုခဲ့ပါသည်။
 ထိုမှတဆင့် အသင်းသူအသင်းသားများ၏မေတ္တာရပ်ခံချက်အရ လစဉ်ပထမပတ် တနင်္ဂနွေနေ့တွင် ကျွန်တော် ဟောကြားသည့် တရားဟောချက်များကို အကျဉ်းချုံးပုံနှိပ်ပြီး၊ ဘုရားလာရောက်ဝတ်ပြုကြသူများအားဖြန့်ဝေပေးခဲ့ ပါသည်။

  ဤသို့ဖြန့်ဝေပေးရာတွင် အသင်းသူအသင်းသားများသာမက အခြားဓမ္မမိတ်ဆွေများကပါ ပုံနှိပ်ထုတ်ဝေထားသော တရားဟောချက်များကို ဖတ်ရှုသည့်အခါ ခွန်အားရကြောင်းနှင့် ပုံမှန်စာစောင်များထုတ်ဝေပေးရန် တောင်းဆိုလာခဲ့ပါသည်။ သို့အတွက်ကြောင့် ရပ်ဝေးရောက်ခရစ်ယာန်များအတွက်လည်းကောင်း၊ မအားလပ်၍ ဘုရားကျောင်းသို့ မလာရောက်နိုင် သူများ အတွက်လည်းကောင်း၊ ဖတ်ရှုပြီးဝိညာဉ်ခွန်အားတိုးပွားစေရန်ရည်ရွယ်လျက် ထပ်မံပို့ပေးခဲ့ပါသည်။
၎င်းအပြင် သင်းအုပ်ဆရာများ၊ ဓမ္မဆရာများနှင့် ဓမ္မမိတ်ဆွေများ၏တိုက်တွန်း မေတ္တာရပ်ခံတင်ပြချက်အရ၊ ၄င်းတို့အတွက် တရားဒေသနာတော်ဟောကြားရာ၌ဖြစ်စေ၊ ဝိညာဉ်ခွန်အားတိုးပွားရေးအတွက်ဖြစ်စေ၊ ဓမ္မပညာဖွံ့ဖြိုး တိုးတက်ရေး၌ဖြစ်စေ၊ အထောက်အကူပြုစေရန် ကျွန်တော့်အနေဖြင့် တနင်္ဂနွေနေ့တရားဟောချက်များကိုစုစည်း၍ “တရားဟောချက်ပဒေသာ” စာအုပ်အဖြစ်၊ ကန့်သတ်ထုတ်ဝေလိုက်ရခြင်းဖြစ်ပါသည်။

“တရားဟောချက်ပဒေသာ” ကို ဖတ်ရှုကြကုန်သောသူအပေါင်း ဝိညာဉ်ခွန်အားတိုးပွား၍ တဆင့်ပြန်လည်ဝေငှ ပေးနိုင်ပါစေဟု ဆုတောင်းမေတ္တာပို့သအပ်ပါသည်။


(သိက္ခာတော်ရဆရာဦးတင်မောင်ထွန်း)
သင်းအုပ်ဆရာကြီး
ခရစ်ယာန်ညီအစ်ကိုများအသင်းတော်၊ ရန်ကုန်မြို့
 

Editor:   ဆရာကြီးကို ၁၉၃၁ နိုဝင်ဘာ ၂၀ တွင် မွေးဖွားခဲ့သည်။ လက်ရှိအသက်ရှင်နေသော သား၃ယောက်နှင့် သမီး၅ယောက်ရှိပါသည်။ သားကြီးဖြစ်သော ဦးဇော်ဝင်းထွန်း ပြည်ပ သာသနာပြု ဖြစ်သလို၊ ဒုတိယသားဖြစ်သော သိက္ခာတော်ရဆရာ ဦးဇော်မင်း သည်လည်း ပြည်ပသာသနာပြုဖြစ်ပါသည်။ ဆရာကြီးသည် ၁၉၆၇မှစတင်ပြီး ဟေဗြုန်ညီအစ်ကိုများ အသင်းတော်၏ သင်းအုပ်ဖြစ်ပြီး အမှုဆောင်ခဲ့မှုများကြောင့် ၁၉၉၈ခုနှစ်တွင် ပါရဂူဘွဲ့ DD ချီးမြှင့်ခြင်းခံခဲ့ရပါသည်။ International Biography Centre, Cambridge အဖွဲ့က နှစ်တစ်ရာ ကျော်စွာဘွဲ့ ချီးမြှင့်ခဲ့ပြီး၊ American Biographical Institue မှလည်း 2000 – Man of the Year ဘွဲ့ကို ချီးမြှင့်ခဲ့ပါသည်။

Any Contribution, Please contact to Brethren Church, Yangon,   Thailand
 
-----------------------------
Need WinBurmese Font to see Burmse Hymn